ရခိုင်ပြည်နယ်တွင်ဆောင်ရွက်နေသည့် ကုလားတန်စီမံကိန်းပါ ဒေသခံများ အကျိုးခံစားခွင့်ကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်နေကြောင်း ရခိုင်မြစ်ချောင်းများကွန်ယက် ဆ
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
လက်ရှိတွင် ဆိပ်ကမ်းတည်ဆောက်ပြီးစီးသွားသည်အထိ ဒေသခံများ၏အသံများ၊ စီမံကိန်းဧရိယာတလျှောက်ရှိ ဌာနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိဘဲ စီမံကိန်းပြီးမြောက်ရေးကိုသာ ဦးတည်ဆောင်ရွက်နေသည့်အနေအထားဖြစ်နေကြောင်း၊ ထို့အပြင် စစ်တွေမြို့တွင် ဆိပ်ကမ်းတည်ဆောက်ခဲ့စဉ်က လိုအပ်သည့်သဲများကို ကုလားတန်မြစ်ဝမှ သွားရောက်စုပ်ယူခဲ့သည့်အတွက် အဆိုပါတစ်ဖက်ကမ်းရှိ သဲခုံကျေးရွာတွင် ရေတိုက်စားကာ ကမ်းပြိုသည့်အတွက် နေအိမ်များရေအောက်ရောက်သွားခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း ကိုတိန်ဦးက ပြောဆိုသည်။ စီမံကိန်းမစတင်မီ စီမံကိန်းနှင့်သက်ဆိုင်သည့် ကောင်းကျိုးဆိုးကျိုးများကို သေချာလေ့လာကာ ပြည်သူများကို စနစ်တကျရှင်းပြြခင်းများပြုလုပ်သင့်ပြီး ထိုသို့ချပြမှုမရှိပါက အကယ်၍ ထိခိုက်မှုဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဒေသခံများတွင်များစွာ ထိခိုက်မှုများဖြစ်ပွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(FFI) မှ ရေချိုနှင့်အဏ္ဏဝါရေပြင်ထိန်းသိမ်းရေး အစီအစဉ်မန်နေဂျာ ဦးဇော်လွန်းက ပြောသည်။
လက်ရှိတွင် စစ်တွေနှင့် ပလက်ဝတို့၌ ရေကြောင်းပို့ဆောင်ရေးဆိပ်ကမ်းတည်ဆောက်ပြီးဖြစ်ကာ အဆိုပါစီမံကိန်းကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်တည်ဆောက်ရန်သဘောတူညီမှု (MOU) ထိုးထားခဲ့သော်လည်း တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တိုက်ပွဲများကြောင့် လက်ရှိတွင်ခေတ္တရပ်ဆိုင်းထားရကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကဆိုသည်။
ယင်းသို့ဖောက်လုပ်နေသည့် လမ်းပြီးစီးသွားပါက စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းလည်း အိန္ဒိယအစိုးရဘက်ကပြောဆိုထားသည်။
- ရခိုင် ပြည်နယ်
- စစ်တွေမြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ကုတ်မြို့နယ်
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
-စီမံကိန်းစတင်သည်မှ စ၍
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း၊ အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရခိုင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
-ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ
-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
-စီမံကိန်းတာဝန်ရှိသူများ