ကြိုးပြင်ကာကွယ်တော စီမံချက်ကြောင့် ဒေသခံများ၏အစဉ်အဆက်လုပ်ကိုင်ခဲ့သည့် မြေယာရပိုင်ခွင့်ဆုံးရှုံးမှုများကြုံတွေ့နေ၊ ကချင်ပြည်နယ်၊ မံစီမြို့နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကချင်ပြည်နယ်၊ မံစီမြို့နယ် ကြိုးပြင်ကာကွယ်တောကို ၂၀ဝ၆ ခုနှစ်မှစတင်၍ သစ်တောများ ကာကွယ်ထိန်းသိမ်းရန် စီမံချက်များ ချမှတ် အကောင်အထည်ဖော်ခဲ့ပါသည်။ ရည်ရွယ်ချက်များကောင်းမွန်သော်လည်း လက်တွေ့တွင် ကြိုးပြင်ကာကွယ်တော သတ်မှတ်စဉ်က သစ်တောဥပဒေ အခန်း(၃) ပုဒ်မ ၆(ခ)ပါပြဋ္ဌာန်းချက်များလိုက်နာမှု အားနည်းခဲ့သဖြင့် ကြိုးပြင်ကာကွယ်တောတွင် ကျေးရွာဧရိယာများ ပါဝင်သွားသည့်အပြင် ဒေသခံတို့၏ လယ်ယာစိုက်ပျိုးမြေများလည်းပါဝင်ကာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုပါထိခိုက်နစ်နာမှုများ ကြုံတွေ့လျက်ရှိပါသည်။ကြိုးပြင်ကာကွယ်တောတွင်းကျရောက်သွားသည့် ဥယျာဉ်ခြံမြေများကို တရားဝင်လျှောက်ထားလုပ်ကိုင်ရာတွင် သစ်တောဌာနမှ ကြိုးပြင်ကာကွယ်တော အတွင်း လုပ်ကိုင်သည်ဟုဆိုကာ ပြစ်မှုကျူးလွန်သူအဖြစ် အမှုစစ်ချက်ယူပြီး မြေငှားရမ်းခနှင့်ဒဏ်ငွေများကို နောက်ကြောင်းပြန် နှစ်ရှည်ချမှတ်ခြင်းများ ပြုလုပ်နေသည်ဟုသိရပါသည်။
ထို့အပြင် တောင်သူများသည် အပြစ်ကျူးလွန်သူမဟုတ်ပဲ သစ်တောဌာန ဝန်ထမ်းများက ကြိုးပြင်ကာကွယ်တော သတ်မှတ်ရာတွင် သစ်တောဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန် အားနည်းခဲ့သဖြင့် ရှေးအစဉ်အဆက် ကတည်းကစိုက်ပျိုးလုပ်ကိုင်လာသည့် ဒေသခံတောင်သူများမှာ ကြိုးပြင်ကာကွယ် တောကျူးကျော်သူဘဝသို့ရောက်ရခြင်းဖြစ်ပါသည်။ အကျိုးဆက်များ အနေဖြင့် သစ်တောဥပဒေ လုပ်ထုံးလုပ်နည်း အားနည်းချက်များကို အကာအကွယ်ယူကာ ကျေးရွာနယ်နိမိတ်များအတွင်းရှိ လယ်ယာမြေများကို အခြားစီးပွားရေးသမားများက ဒဏ်ကြေးဆောင်ကာ နှစ်(၃၀) သစ်တောအငှားမြေ လျှောက်ထားမှုများ ဆောင်ရွက်နေသည်ဟုလည်း သိရှိရပါသည်။ အခြားကျေးရွာအုပ်စုအတော်များများတွင်လည်း အလားတူအဖြစ်များကြုံတွေ့ရလျက် ရှိပါသည်။ ထို့ကြောင့်ဒေသခံတောင်သူများအနေဖြင့် ကျေးရွာနယ်နိမိတ်အတွင်းရှိ လယ်ယာမြေများ ဆုံးရှုံးနစ်နာနေရပြီး အပြစ်မဲ့ ဒေသခံများက ပြစ်မှုကျူးလွန်သူအဖြစ် လက်မှတ်ထိုးရသည့်အပြင် မသက်ဆိုင်သူ စီးပွားရေးသမားများက သစ်တောဥပဒေကို အကာအကွယ်ယူ၍ မြေယာများရယူနိုင်သည့်အခွင့်ကောင်းများရရှိနေကြပါသည်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- ကချင် ပြည်နယ်
- မံစီမြို့နယ်
- မံစီမြို့နယ် ကြိုးပြင်ကာကွယ်တောအတွင်း ပါဝင်နေသော ကျေးရွာများ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
ကြိုးပြင်ကာကွယ်တောတည်ထောင်သည့် ၂၀ဝ၆ ခုနှစ်မှစတင်၍
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကချင်၊ ရှမ်း၊ ရှမ်းနီ၊ လီဆူ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
မံစီမြို့နယ် ကြိုးပြင်ကာကွယ်တောအတွင်း ပါဝင်နေသော ကျေးရွာသားများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
သစ်တောဦးစီးဌာန