စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် မူးမြစ်ဘေး ပုသိမ်ကျောင်းလမ်းတလျှောက်ရှိ နှစ်ရှည်ပင်ကြီးများကို (၁၈) ပေ အကျယ် ကျောက်ချောလမ်းဖောက်လုပ်ရန်အတွက် ခုတ်လှဲပစ်တော့မည်ဟုသိရှိရခြင်း
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
“အပင်ကြီးများက တန်ဖိုးမဖြတ်သာ။ အပင်ခုတ်မယ့်နေရာတွေမှာက မူလကထဲက အထက်လမ်း အောက်လမ်းရှိသည်။ အပင်တွေက အလယ်က၊ လှမှလှ။ ကြက်သရေရှိမှရှိ။ ဘေးက မူးမြောင်းနဲ့၊ အင်မတန်လမ်းလျှောက်လို့ကောင်းတဲ့ေနရာ။ ပလက်ဖောင်းပျောက်ဆုံးမြို့သားတွေ လမ်းထွက်လျှောက်ကြတဲ့နေရာ။ အနားက ရွာသားတွေက ဘာပင်မှခုတ်စရာမလို၊ အထက်လမ်း၉ပေ အောက်လမ်း၉ပေလုပ်ပေးလိုက်ရင် ရတယ်လို့ ပြောနေကြသည်။ သူတို့လုပ်မယ့် ၁၈ပေနဲ့အကိုက်ပင်။ နစ်နာဆုံးရှုံးစရာလဲမရှိ။ သဘောထားလေးတခုဘဲလိုမည်။ မဟုတ်ရင် သဘာဝကြီးက အပြီးပေးဆပ်လိုက်ရတော့မည်။ သဘာဝကြီးဆိုတာ ရွှေဘိုရဲ့သဘာဝကြီးလေ။” ဟုပြောဆိုထားသည်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- စစ်ကိုင်းတိုင်းဒေသကြီး
- ရွှေဘိုမြို့နယ်
- မူးမြစ်ဘေး ပုသိမ်ကျောင်းလမ်းတလျှောက်
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
(၁၈) ပေအကျယ်ကျောက်ချောလမ်းဖောက်လုပ်ရန် စီမံကိန်းစသည့် အချိန်
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
ရွှေဘိုမြို့နယ်ရှိ ပြည်သူများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကျဘန်းလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
JICA၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန