ကရင်ပြည်နယ်တွင် သတ္တုတူးဖော်မှုများ၊ ဂေါ်ဒန်ကျောက်တူးဖော်မှုများကို ပြည်နယ်အား အမဲဖျက်သလို ပြုလုပ်နေသည်ဟု ပြည်သူများက ခံစားနေရကြောင်း
(Nan Mya Thida ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြထားပါသည်။)
ကရင်ပြည်နယ်ရှိ နေရာအများအပြားတွင် သတ္တုတူးဖော်မှုများ၊ ဂေါ်ဒန်ကျောက်တူးဖော်မှုများကို ကုမ္ပဏီများမှ ပြည်နယ်အား အမဲဖျက်သလို ပြုလုပ်နေသည်ဟု ပြည်သူများက ခံစားနေရကြောင်း Nan Mya Thida ၏ Facebook စာမျက်နှာတွင် ဖော်ပြထားပါသည်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကျောက်သယ်ကားများကြောင့်လဲ ယာဉ်မတော်တဆတိုက်မှုများ မကြာခဏဖြစ်နေကြောင်း၊ မြို့ပြဖွံ့ဖြိုးရေးအတွက် လမ်းဆောက်ကျောင်းဆောက်၊ တံတားခင်း မီးတိုင်ထောင်ခြင်းနှင့် စက်မှုဖွံ့ဖြိုးရေးမှ စက်မှုဇုန်အလုပ်အကိုင်ရရှိဖန်တီးရေးများမှာ ကရင်ပြည်နယ်ရှိ (၇၀%) ကျော်သော ကျေးလက်နေပြည်သူအတွက် မရရှိကြောင်း အစိုးရအနေဖြင့် သဘာဝသယံဇာတတူးဖော်မှုများကို စိစစ်ကြပ်မတ်ပေးစေချင်ကြောင်းပြောပါသည်။
သတ္တုတွင်းကဏ္ဍ
- ကရင်ပြည်နယ်
- ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြား
- ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအများအပြား
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
ကုမ္ပဏီများ စတင်ဝင်ရောက်လုပ်ကိုင်သည့် အချိန်မှ ယခုထိ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကရင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
အဓိကပါဝင်ပတ်သက်သူ
သတ္တု၊ ဂေါ်ဒန်ကျောက် တူးဖော်သည့် ကုမ္ပဏီများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ စိစစ်ကြပ်မတ်စေလိုပါသည်။