စီးပွားဖြစ်သစ်ထုတ်ခြင်း၊ တောင်ယာခုတ်ခြင်းများနှင့် ရေခမ်းခြောက်မှု အန္တရာယ်၊ ကျောက်စုကျေးရွာအုပ်စု၊ မဲစဲမြို့နယ်၊ ကယားပြည်နယ်

Confirmation Status : Reported
October 10, 2020

စီးပွားဖြစ်သစ်ထုတ်ခြင်း၊ တောင်ယာခုတ်ခြင်းများနှင့် ရေခမ်းခြောက်မှု အန္တရာယ်၊ ကျောက်စုကျေးရွာအုပ်စု၊ မဲစဲမြို့နယ်၊ ကယားပြည်နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကယားပြည်နယ်၊ မဲစဲမြို့နယ်၊ ကျောက်စုကျေးရွာပတ်ဝန်းကျင်တွင် စီးပွားဖြစ်သစ်ထုတ်ယူခြင်းများ ၊ သယံဇာတ တူးဖော်ခြင်းများ နှင့် တောင်ယာခုတ်မှုများကြောင့် သစ်တော ပြုန်းတီးမှုများလာပြီး နွေရာသီတွင် ရေတွင်းများတွင် ရေပြတ်နေတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

မဲစဲမြို့နယ်၊ ကျောက်စုကျေးရွာပတ်ဝန်းကျင်တွင် စီးပွားဖြစ်သစ်ထုတ်ယူခြင်းများ ၊ သယံဇာတ တူးဖော်ခြင်းများ ၊ စက်မှုစီမံကိန်းများ မရှိသော်လည်း တောင်ယာများ နှစ်စဉ် တိုးချဲ့စိုက်ပျိုးရန် သစ်တောများကို ခုတ်ထွင် ရှင်းလင်းကြသောကြောင့် သစ်တော ပြုန်းတီးမှုများ ကြီးမားကျယ်ပြန့် လာပြီး နွေရာသီတွင် ရေတွင်းများမှ ရေများ ခမ်းကာ စိုက်ပျိုးရေးအတွက် ရေမလုံလောက်ဖြစ်နေတယ်လို့ ဒေသခံတစ်ချို့၏ ပြောပြချက်အရ သိရပါတယ်။ ရေမလုံလောက်သဖြင့် သီးနှံများလည်း ရေမဝကာ မဖြစ်ထွန်းကြောင်းနှင့် စားနပ်ရိက္ခာလည်း လုံလောက်မှုမရှိတော့ကြောင်း ဒေသခံတစ်ချို့က ဆိုပါတယ်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ

  • ကယားပြည်နယ်
  • မယ်စဲ့မြို့နယ်
  • ကျောက်စုကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်၊ ကယား၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၁၀၀ဝ ခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

တရားမဝင် သစ်ထုတ်လုပ်သူများ၊ ဒေသခံများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သစ်ထုတ်လုပ်မှုများကိုတားဆီးခြင်း၊ သစ်ပင်များစိုက်ပျိုးပေးသင့်သည့်အပြင် ရေအရင်းအမြစ် ထုတ်ဖော်သင့်ပါသည်။