ပေါင်မုန့်တောင် ခဲသတ္ထု တရားမဝင်တူးဖော်မှုများကြောင့် မြေပြိုမှုဖြစ်၊ တောင်ပြိုမှာ ဒေသခံများ စိုးရိမ်နေ၊ လိုခါကျေးရွာ၊ ဖားဆောင်းမြို့၊ ကယားပြည်နယ်

Confirmation Status : Reported
October 10, 2020

ပေါင်မုန့်တောင် ခဲသတ္ထု တရားမဝင်တူးဖော်မှုများကြောင့် မြေပြိုမှုဖြစ်၊ တောင်ပြိုမှာ ဒေသခံများ စိုးရိမ်နေ၊ လိုခါကျေးရွာ၊ ဖားဆောင်းမြို့၊ ကယားပြည်နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု လိုခါလိုကျေးရွာပိုင်နက်အတွင်း ပေါင်မုန့်တောင်ထိပ်ရှိ ဦးပိုင် ကုမ္ပဏီ လုပ်ကွက်တွင် တရားမဝင် ခဲသတ္ထုများဝင်ရောက်တူးဖော်မှုများနေသဖြင့် မိုးရာသီတွင် တောင်ပြိုမှာကို ဒေသခံများက စိုးရိမ်ကြနေကြပါတယ်။၂၀၁ရ ခုနှစ်တွင် ထိုနေရာမှာပဲ မြေပြိုမှု ဖြစ်ပွားခဲ့သဖြင့် ရွှေ့ပြောင်း အလုပ်သမားအများအပြား ထိခိုက်သေဆုံးခဲ့ရပြီး အိုးအိမ်များပျက်စီး ဆုံးရှုံးမှုများလည်း ကြုံတွေ့ခဲ့ရပါတယ်လို့ ဒေသခံများက ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု လိုခါလိုကျေးရွာပိုင်နက်အတွင်း ပေါင်မုန့်တောင်ထိပ်ရှိ ဦးပိုင် ကုမ္ပဏီ လုပ်ကွက်တွင် တရားမဝင် ခဲသတ္ထုများဝင်ရောက်တူးဖော်နေကြပြီး တရားမဝင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများပိုမိုများပြားလာနေပါတယ်လို့ ဆိုပါတယ်။ ထိုကျေးရွာသည် သတ္ထုတူးဖော်လုပ်ကိုင်သည့် ပေါင်မုန့်တောင်၏ ခြေရင်းတွင်တည်ရှိသည့်အတွက် ဒေသခံအများစုက ထိုနေရာကို ဆက်လက်တူးဖော်နေလျှင် မိုးရာသီတွင် တောင်ပြိုမှာကို စိုးရိမ်နေကြပါတယ်။ ၂၀၁ရ ခုနှစ်တွင် ထိုနေရာမှာပဲ မြေပြိုမှု ဖြစ်ပွားခဲ့သဖြင့် ရွှေ့ပြောင်း အလုပ်သမားအများအပြားထိခိုက်သေဆုံးခဲ့ရပါတယ်လို့ သိရပါတယ်။ အိုးအိမ်များပျက်စီး ဆုံးရှုံးမှုများလည်း ကြုံတွေ့ခဲ့ရပါတယ်လို့ ဒေသခံများက ဆိုပါတယ်။

သတ္တုတွင်းကဏ္ဍ

  • ကယားပြည်နယ်
  • ဖားဆောင်းမြို့နယ်
  • လိုခါးလိုကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်၊ကယန်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၁၀၀ဝခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ဦးပိုင်ကုမ္ပဏီ၊ တရားမဝင်သတ္တုတူးဖော်နေသူများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

အစိုးရမှ တာဝန်ရှိသူများ ကိုယ်တိုင် လာရောက်စစ်ဆေးပေးပြီး တားမြစ်စေလို