ကုန်သည်များမှ ထင်းရှုးပင်များ ဈေးကောင်းပေးဝယ်သဖြင့် ထင်းရှုးပင်များ ရှားပါးလာ၊ ဒေါရောက်ခူကျေးရွာ၊ ဒီမော့ဆိုမြို့နယ်၊ ကယားပြည်နယ်

Confirmation Status : Reported
October 10, 2020

ကုန်သည်များမှ ထင်းရှုးပင်များ ဈေးကောင်းပေးဝယ်သဖြင့် ထင်းရှုးပင်များ ရှားပါးလာ၊ ဒေါရောက်ခူကျေးရွာ၊ ဒီမော့ဆိုမြို့နယ်၊ ကယားပြည်နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာတွင် ထင်းရှုးပင်များအား လွိုင်ကော်မြို့မှ ကုန်သည်များက ဈေးကောင်းပေးဝယ်သဖြင့် ကျေးရွာသားများမှ ထင်းရှုးပင်များကို ခုတ်လှဲ ရောင်းချမှုများတယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေဖြင့် ထင်းရှုးပင်များ ရှားပါးလာခြင်း၊ ရေထွက်များ လျော့နည်းလာခြင်း၊ နွေရာသီတွင် ခမ်းခြောက်လာခြင်းတို့ ကြုံနေရတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာတွင် ထင်းရှုးပင်များအား လွိုင်ကော်မြို့မှ ကုန်သည်များက ဈေးကောင်းပေးဝယ်သဖြင့် ကျေးရွာသားများမှ မိမိတို့၏ အဓိကဝင်ငွေရလုပ်ငန်းများဖြစ်သည့် ပြောင်းကောက်၊ ခေါင်ရည်တစေးပြုလုပ်ခြင်းတို့အပြင် မိမိတို့ရွာဝန်းကျင်ရှိ ထင်းရှုးပင်များကိုပါ ခုတ်လှဲရောင်းချလာက အကျိုးဆက်အနေဖြင့် ထင်းရှုးပင်များ ရှားပါးလာခြင်း၊ သဘာဝရေထွက်မှ စိမ့်စမ်းရေများ ခမ်းခြောက်လာခြင်း၊၊ နွေရာသီတွင် သောက်သုံးရေပြတ်လပ်ခြင်းတွေ ကြုံနေရတယ်လို့ ဒေသခံများမှ ဆိုပါသည်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ

  • ကယားပြည်နယ်
  • ဒီမောဆိုမြို့နယ်
  • ဒေါရောက်ခူကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကယန်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၁၅၀ဝ ကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ဒေသခံများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ထင်းရှူးပင်များကို ပြန်လည်စိုက်ပျိုးခြင်းနှင့် စနစ်တကျခုတ်လှဲခြင်းများ လုပ်ဆောင်ရန် လိုအပ်ပါသည်။