အကြောင်းအရင်းမသိရဘဲ နှမ်းခင်းများ သေကြေနေ၊ ဒေါတမကြီးကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ကယားပြည်နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာ အတွင်းရှိ တောင်သူများအနေဖြင့် မိမိတို့စားဝတ်နေရေး အတွက် နှမ်းသီးနှံများကို ဓာတုမြေဩဇာ မသုံးစွဲပဲ သဘာဝအတိုင်း နှစ်စဉ်စိုက်ပျိုး လုပ်ကိုင် လေ့ရှိကြပါသည်။ သို့သော် နှစ်နှစ်သုံးနှစ်ဆက်တိုက် စိုက်ပျိုးလုပ်ကိုင်ပြီးသည့် နေရာများကို စက်ဖြင့် ထွန်ယက် စိုက်ပျိုးခြင်းကြောင့် နှမ်းကျဲ၍ အပင်ပေါက်လာပြီး ရက်(၂၀) ကျော်လျှင် တဖြည်းဖြည်းဖြင့် နှမ်းတစ်ခင်းလုံး သေသွားသည့် အခြေအနေများ၊ မြေဩဇာပိုကောင်းသည့်နေရာများတွင်ပင် နှမ်းခင်းများ ပိုမိုသေနေသည့် အခြေအနေများ၊ နှစ်ခါပြန်လည် စိုက်ပျိုးရသည့်အတွက် မျိုးစေ့ခက်ခဲသည့်အခြေအနေများနှင့် စားဝတ် နေရေးခက်ခဲသည့် အခြေအနေများဖြင့် နှစ်စဉ်ကြုံ တွေ့နေရကြောင်း ဒေသခံများ၏ အဆိုအရ သိရပါတယ်။ နှမ်းခင်းသေသည့် အကြောင်းအရင်းများမှာ မြေတွင်းပိုးကြောင့်လား၊ မြေကြောင့်လား၊ တစ်ခုခုကြောင့်လား ဆိုတာကို ဒေသခံများက သေချာမသိရှိကြဟု သိရပါတယ်။
စိုက်ပျိုးရေးနှင့် သားငါးသယံဇာတ ကဏ္ဍ
- ကယားပြည်နယ်
- ဒီမောဆိုမြို့နယ်
- ဒေါတမကြီးကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
–
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကယား
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၂၀၀ဝ ခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
–