ကျောက်ထုတ်စီမံကိန်းများကြောင့် သစ်တောပြုန်းကာ ရေခမ်းခြောက်၊ ဥတ္တတားကျေးရွာ၊ ပေါင်မြို့နယ်

Confirmation Status : Reported
October 6, 2020

ကျောက်ထုတ်စီမံကိန်းများကြောင့် သစ်တောပြုန်းကာ ရေခမ်းခြောက်၊ ဥတ္တတားကျေးရွာ၊ ပေါင်မြို့နယ်

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ပေါင်မြို့နယ်၊ ဥတ္တတားကျေးရွာ ကုလားမတောင်တန်းတွင် ကျောက်ထုတ်လုပ်ငန်းများကြောင့် သစ်တောပြုန်းတီးခြင်းနှင့် စိမ့်တောများမှ စိမ့်ရေများကို စက်ရုံသို့ သွယ်တန်းခြင်းများကြောင့် စိမ့်ရေများ ခန်းခြောက်ခြင်းများ ဖြစ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ပေါင်မြို့နယ်၊ ဥတ္တတားကျေးရွာ ကုလားမတောင်တန်းတွင် ကျောက်ထုတ်လုပ်သော စီမံကိန်းများ ဝင်ရောက် လာခြင်းကြောင့် သစ်တောများ အပြောင်ရှင်းခြင်း၊ စိမ့်တောများမှ စိမ့်ရေများကို စက်ရုံသို့ သွယ်တန်းခြင်း များကြောင့် စိမ့်ရေများ ခန်းခြောက်ခြင်း၊ သစ်တောများ ပြုန်းတီးခြင်းများ ဖြစ်ပေါ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။ စီမံကိန်းများကို ဒေသခံများမှ ကန့်ကွက် သော်လည်း အစိုးရ၏ ခွင့်ပြုမိန့်ကြောင့် ကျောက်မိုင်းမှာ ဆက်လက်လုပ်ကိုင်နေကြောင်း သိရပါတယ်။

သတ္တုတွင်းကဏ္ဍ

  • မွန်ပြည်နယ်
  • ပေါင်မြို့နယ်
  • ဥတ္တတားကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၉

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

မွန်၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၈၁၁၈

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ကျောက်ထုတ်လုပ်သော စီမံကိန်းများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ဒေသခံများ၏သဘောထားအရ ချောင်းမြောင်းများ တူးဖော်ခြင်း၊ စိမ့်ရေများ ပြန်လည်ထွက်ရှိဖို့ သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်းများကို သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ကိုင်ဆောင်ရွက်စေလိုပါသည်။