အာရှလမ်းမကြီး စီမံကိန်းကြောင့် ဒေသခံများထိခိုက်၊ သပြုချောင်းကျေးရွာ၊ ထားဝယ်မြို့၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး

Confirmation Status : Reported
October 11, 2020

အာရှလမ်းမကြီး စီမံကိန်းကြောင့် ဒေသခံများထိခိုက်၊ သပြုချောင်းကျေးရွာ၊ ထားဝယ်မြို့၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရေဖြူမြို့၊ သဗြုချောင်းကျေးရွာအနီးတွင် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထီးခီးနယ်စပ်အထိ ဖောက်လုပ်မည့် အာရှလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းမှ ကနဦး လမ်းများ ဖောက်လုပ်နေသဖြင့် ဒေသခံများ၏ ဥယျာဉ်ခြံမြေများ ပျက်စီးခြင်း၊ ချောင်းရေများ ညစ်ညမ်းခြင်းနှင့် ဒေသအတွင်း မြေယာပြဿနာများရင်ဆိုင်နေရ

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရေဖြူမြို့၊ သဗြုချောင်းကျေးရွာအနီးတွင် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထီးခီးနယ်စပ်အထိ ဖောက်လုပ်မည့် အာရှလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းမှ ကနဦး လမ်းများ ဖောက်လုပ်နေပါတယ်။ အာရှလမ်းပိုင်း စီမံကိန်းသည် အထူးစီးပွားရေးဇုန်ထိပ် ထားဝယ်မြစ်မှ ထိုင်းနယ်စပ် ထီးခီးအထိ ၁၃၈ ကီလိုမီတာ ((၈၆ မိုင်ဝန်းကျင်) ကို အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ လမ်းဦးစီးဌာနမှ မြေပြင်တိုင်းတာရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပါတယ်။ ထိုစီမံကိန်းကို ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (NEDA) ၏ ချေးငွေဖြင့် လုပ်ဆောင်မည့် ယင်းလမ်းပိုင်းတွင် အပိုင်း (၂) ပိုင်း ပါဝင်ပါတယ်။ အထူးစီးပွားရေးဇုန်နယ်စပ်မှ မေတ္ထာမြို့ထိ တစ်ပိုင်းနှင့် မေတ္ထာမြို့မှ ထီးခီးထိ တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းစီမံကိန်းသည် ၃ နှစ်ကြာမည်ဖြစ်ပြီး ယခု ကနဦးလမ်းများဖောက်လုပ်သဖြင့် ဒေသခံများ၏ ဥယျာဉ်ခြံမြေများပျက်စီးခြင်း၊ ချောင်းရေများ ညစ်ညမ်းခြင်းနှင့် မြေယာပြဿနာများဖြစ်ခြင်းတို့ ကြုံတွေ့နေရကြောင်း ဒေသခံများမှ ဆိုပါတယ်။

မြေယာကဏ္ဍ

  • တနင်္သာရီတိုင်းဒေသကြီး
  • ရေဖြူမြို့နယ်
  • သဗြုချောင်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၉

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၄၀ဝ ကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

အစိုးရ၏ အာရှလမ်းပိုင်းစီမံကိန်း

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

စီမံကိန်းပြုလုပ်လျှင် ဒေသခံများ၏ မြေယာများကို ထိခိုက်မှုမရှိအောင် မည်သို့လုပ်ဆောင်ပေးမည်ကို အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာ ချပြသင့်သည်။