သတ္ထုမိုင်းများကြောင့် ချောင်းရေညစ်ညမ်းကာ စားကျက်နှင့် ကွမ်းခြံများ ပျက်စီး၊ ဟိန္ဒားကျေးရွာ၊ မေတ္တာမြို့၊ ရေဖြူမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး

Confirmation Status : Reported
October 11, 2020

သတ္ထုမိုင်းများကြောင့် ချောင်းရေညစ်ညမ်းကာ စားကျက်နှင့် ကွမ်းခြံများ ပျက်စီး၊ ဟိန္ဒားကျေးရွာ၊ မေတ္တာမြို့၊ ရေဖြူမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကုမ္ပဏီမှသတ္တုတူးဖော်ခြင်းကို စနစ်တကျမဆောင်ရွက်ခြင်း၊ စမ်းသပ်ခြင်းများကြောင့် မြစ်ချောင်းများ တိမ်ကောပျက်စီးလာခြင်း၊ ကွမ်းပင်များ ပျက်စီးခြင်း၊ စားကျက်များပျောက်ဆုံးလာခြင်း စသည့်ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လျှက်ရှိ်တယ်လို့ သိရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ဒေသခံများ၏ ဥယျာဉ်ခြံမြေများအတွင်း သတ္တုမိုင်းမှ စွန့်ထုတ်သော ရေဆိုးများနှင့် အတူပါလာသော မြေစာများကြောင့် ကွမ်းသီးပင်များနှင့်/ အခြား သီးပင်စားပင်များ များစွာပျက်စီးဆုံးရှုံးခဲ့ကြကြောင်း သိရပါတယ်။ ကုမ္ပဏီသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေများကိုလိုက်နာမှု အားနည်းနေကြောင်းနှင့် ၁၀.၆.၂၀၁၉ ရက်နေ့တွင် ကုမ္ပဏီသက်တမ်းကုန်ဆုံးပြီးနောက် အစိုးရဌာနဆိုင်ရာများမှ ကုမ္ပဏီအား ပြုပြင်စေချင်သည့်အချက်များကို လက်ရှိတွင်ဆောင်ရွက်ခိုင်းလျှက်ရှိကြောင်း ဒေသခံများမှ ဆိုပါတယ်။

သတ္တုတွင်းကဏ္ဍ

  • တနင်္သာရီတိုင်းဒေသကြီး
  • ရေဖြူမြို့နယ်၊ မေတ္တာမြို့
  • ဟိန္ဒားကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၉

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဗမာ၊ ကရင်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၁၅၀၀ဝ ခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

သတ္တုတူးဖော်မှု ပြုလုပ်ခဲ့သည့် ကုမ္ပဏီ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ဒေသခံလူထုမှ စနစ်တကျဖြင့် ဥပဒေကိုလေးစားလိုက်နာပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးသည့် ရင်းနှီးမြှပ်နှံမှုများကိုသာ ဒေသတွင် လုပ်ဆောင်စေလိုသည့်ဆန္ဒများရှိကြပြီး ထိုကုမ္ပဏီများကို သေချာကြပ်မတ်ပေးစေလိုပါတယ်။