သတ္တုတူးဖော်မှုကြောင့် ရေညစ်ညမ်းကာ သောက်သုံးရေ၊ စိုက်ပျိုးရေအခက်တွေ့၊ မော်ထွီးကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မော်ထွီးကျေးရွာတစ်ဝိုက်တွင် ကုမ္ပဏီများ သတ္တုတူးဖော်မှုများကြောင့် စမ်းချောင်း၊ အင်းအိုင်များ ရေနောက်ခြင်း၊ ရေခန်းခြောက်ခြင်းနှင့် ရေအဆိပ်သင့် ခြင်းတို့ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပါတယ်။ ထိုသတ္တုတူးဖော်ဆောင်ရွက်ခြင်းကြောင့် သစ်တောများပျက်စီးနေမှုများရှိနေကြောင်းနှင့် ထိုလုပ်ငန်းကို ၂၀၁၃ ခုနှစ်မှစတင်၍ ယခုအချိန်အထိ လုပ်ကိုင်နေကြောင်း ဒေသခံများကပြောပါတယ်။ ရေအဆိပ်သင့်ကာ ဒေသခံများ၏ လယ်မြေများ စိုက်ပျိုး၍ မရသည့်အပြင် ၊ရေကောင်းရေသန့်မဖူလုံခြင်းတို့ လက်တွေ့ ကြုံ တွေ့နေရသည်ကို တွေ့ရှိခဲ့ရပါသည်။ သို့ပေမယ့်လည်း ကုမ္ပဏီအနေဖြင့် ၎င်းဖြစ်စဉ်များ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်ပေးထားခြင်းမျိုး မရှိပေ။ လက်ရှိအချိန် တွင် ပြည်သူ များအနေဖြင့် သောက်သုံးရေများကို ဝယ်ယူသောက်သုံးနေရကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရပါသည်။
ရေအရင်းအမြစ်ကဏ္ဍ
- ရှမ်း ပြည်နယ်(အရှေ့)
- တာချီလိတ်မြို့နယ်
- မောထွီကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၃ ခုနှစ်မှစတင်
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
အခါ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
မောထွီကျေးရွာသူ/သားများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွှေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
သတ္တုတူးဖော်သည့်လုပ်ငန်းရှင်များ