စီးပွားဖြစ် သတ္ထုတူးဖော်မှု၊ စိုက်ပျိုးမြေချဲ့ထွင်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းလာ၊ မိုင်းဆတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

Confirmation Status : Reported
October 10, 2020

စီးပွားဖြစ် သတ္ထုတူးဖော်မှု၊ စိုက်ပျိုးမြေချဲ့ထွင်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းလာ၊ မိုင်းဆတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မိုင်းဆက်မြို့နယ်၊ ကျေးရွာအုပ်စု တစ်ချို့တွင် စီးပွားဖြစ် သတ္ထုတူးဖော်မှု၊ စိုက်ပျိုးမြေချဲ့ထွင်မှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် မိရိုးဖလာပိုင် သစ်တောများ တစ်ဖြေးဖြေး ပြုန်းတီးနေပြီး အသိပညာပေးရန်နှင့် သစ်တောများ ပြန်လည်တည်ထောင် ထိန်းသိမ်းရန် အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စု၊ မေသန်ကျေးရွာနှင့် ကျတီကျေးရွာအုပ်စု၊ နာယန်း ကျေးရွာတို့၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည် တဖြည်းဖြည်း လျော့နည်းလာသည့်အတွက်ကြောင့် ရာသီဉတုဖောက်ပြန်လာပြီး ရေအရင်းအမြစ်များ ဆုံးရှုံးလာမှုနှင့်အတူ သဘာဝပတ် ဝန်းကျင်သည် လည်း တဖြည်းဖြည်း ယိုယွင်းပျက်စီးလာသည်ကို တွေ့ရှိခဲ့ရပါသည်။ စီးပွား ဖြစ်သတ္တုတူးဖော်မှုများနှင့် စိုက်ပျိုးမြေ ချဲ့ထွင်မှုသည်လည်း သဘာဝ ပတ်ဝန်းကျင် ပျက်စီး မှုကို အတိုင်းအတာတစ်ခုထိ တွန်းအားပေးမှု ဖြစ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။ တုံ့ပြန်ဆောင်ရွက်ထားရှိမှု ဘာတစ်ခုမျှ လုပ်ဆောင်ထားခြင်းမရှိသည်ကိုလည်း တွေ့မြင်ရကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် ဒေသခံများ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ ယခုထက်ပို ရှိဖို့လိုအပ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရပါသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှု ကဏ္ဍ

  • ရှမ်း ပြည်နယ်(အရှေ့)
  • မိုင်းဆတ် မြို့နယ်
  • မယ်နင်ကျေးရွာအုပ်စု၊မေသန်ကျေးရွာနှင့်ကျတီကျေးရွာအုပ်စု၊နာယန်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

လွန်ခဲ့သောနှစ်များမှစတင်ဖြစ်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

လားဟူ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

မယ်နင်ကျေးရွာအုပ်စုနှင့်ကျတီကျေးရွာအုပ်စုတွင်းနေထိုင်သူများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

သတ္ထုတူးဖော်သည့်လုပ်ငန်းရှင်များနှင့်စိုက်ပျိုးမြေချဲ့ထွန်နေသည့် ကျေးရွာသားများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ယခုထက်ပိုမို၍ အသိ ပညာတိုးတက်ရေး လုပ်ဆောင်ပေးရန်၊ ဥပဒေအားဖြင့် အပြည့်အဝ ကာကွယ်ပေးရန်၊ ၎င်းအပြင် ကျန်ရှိနေသောတောကို စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းလုပ် ငန်းများ လုပ်ဆောင်ရန် လိုအပ်နေပါသည်။