ပုံစံ (၇) မရှိ၍ မြေယာများ သိမ်းဆည်းခံရခြင်း နာယန်းကျေးရွာ၊ ကျတီကျေးရွာအုပ်စု၊ မိုင်းဆတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

Confirmation Status : Reported
October 11, 2020

ပုံစံ (၇) မရှိ၍ မြေယာများ သိမ်းဆည်းခံရခြင်း နာယန်းကျေးရွာ၊ ကျတီကျေးရွာအုပ်စု၊ မိုင်းဆတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မိုင်းဆတ်မြို့နယ်၊ ကျတီကျေးရွာအုပ်စု၊ နာယန်းကျေးရွာတွင် ဦးရှဲလောဆိုသူသိမ်းယူထားသော စိုက်ပျိုးမြေ ( ၃၀ရ )ဧကကို ပြည်သူများမှ ဥပဒေအကြောင်း နားလည်မှု မရှိခြင်းနှင့် ပုံစံ ( ရ ) ပြုလုပ်ပေးမှု မရှိခြင်းတို့ကြောင့် ဥပဒေကြောင်းအရ မတောင်းဆိုနိုင် ဖြစ်နေရတယ်လို့ သိရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ဉီးရှဲလောဆိုသူသည် တောင်သူများ လုပ်ကိုင် စားသောက်နေသော စိုက်ပျိုးမြေ ( ၃၀ရ )ဧကကျော်ခန့် ကို အစိုးရထံမှ သူရရှိထားသည်ဟုဆိုကာ ( ၂၀၁၄ ) ခုနှစ်တွင် လုပ်သား ( ၃ဝ )ဦးခန့်ခေါ်ဆောင်လာ၍ ကွန်ကရစ်တိုင်များစိုက်ထူပြီး သံဆူးကြိုးများခတ်ကာ သိမ်း ယူခဲ့ပါသည်။ ပြည်သူများမှ ဥပဒေအကြောင်းနားလည်မှု မရှိခြင်း၊ သက်ဆိုင် ရာဌာနများက ပုံစံ ( ရ ) ပြုလုပ်ပေးမှု မရှိခြင်း နှင့် ဥပဒေ အကာအကွယ်မရရှိခြင်းတို့ကြောင့် ပြန်လည် တောင်းဆိုရန် ခက်ခဲနေပါသည်။ မိမိတို့ စိုက်ပျိုးမြေများကို မူလပိုင်ရှင်များက ပြန်လည်ရယူ လိုကြောင်း၊ အကျိုး သက်ရောက်မှုအနေဖြင့် စိုက်ပျိုးမြေများ ဆုံးရှုံးခြင်းကြောင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းနှင့် အလုပ် အကိုင်ရှားပါးလာခြင်းတို့ တွေ့ကြုံခံစားနေရကြောင်း ဒေသခံအဆိုအရ သိရပါသည်။ မူလပိုင်ရှင်များက သိမ်းဆည်းခံလယ်မြေများကို ပြန်လည်ရရှိရန်အတွက် ယခုလက်ရှိ အချိန်အထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မြေယာကဏ္ဍ

  • ရှမ်း ပြည်နယ်(အရှေ့)
  • မိုင်းဆတ် မြို့နယ်
  • နာယန်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၄ ခုနှစ်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

လားဟူ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

မြေသိမ်းခံရသူမိသားစုများအားလုံး

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ဉီးရှဲလောဆိုသူ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

မှန်ကန်၍ မျှတသည့် တရားဉပဒေ၏ အကာအကွယ်ပေး မှုကို လိုအပ်နေကြောင်း၊ တရားရင် ဆိုင်နေစဉ် ်စားစရိတ်များအခက်အခဲများရှိနေသဖြင့် ထောက်ပံ့ကူညီပေးရန် လိုနေပါသည်။ မြေယာဥပဒေအား ဒေသခံများမှ သိရှိထားရန် အမြင်ဖွင့်ပေးဖို့လည်း လိုနေပါသည်။