ဓါးမဦးချမြေ တရားဝင် အထောက်အထားမရှိသဖြင့် ဆုံးရှုံးနေရ၊ အာရဲကျေးရွာ၊ မိုင်းဆတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

Confirmation Status : Reported
October 11, 2020

ဓါးမဦးချမြေ တရားဝင် အထောက်အထားမရှိသဖြင့် ဆုံးရှုံးနေရ၊ အာရဲကျေးရွာ၊ မိုင်းဆတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မိုင်းဆတ်မြို့နယ်၊ အာရဲကျေးရွာဝန်းကျင်တွင် ကုမ္ပဏီအချို့အား အစိုးရမှ ကွင်းနင်းစစ်ဆေးခြင်းမရှိဘဲ မြေပုံပေါ်တွင်သာ လုပ်ကွက် ချပေးလိုက်သဖြင့် ဒေသခံများ၏ ဥယျာဉ်ခြံမြေများ ပါသွားပြီး ဒေသခံများနှင့် ကုမ္ပဏီအကြား ပြဿနာဖြစ်နေရတယ်လို့ ဒေသခံများ ပြောကြားချက်အရ သိရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ဒေသခံများ၏ အဆိုအရ ၂၀၀၈ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ သတ္တုတူးဖော်သည့်ကုမ္ပဏီများက သတ္တုတူးဖော်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရာတွင် သဘာဝသစ်တောများနှင့် ဉယျာဉ်ခြံမြေများကို ရှင်းလင်း ပစ်သည်ဟု ဆိုပါတယ်။ သက်ဆိုင်ရာဌာနများက လုပ်ကွက်များ ချထားပေးရာတွင် မြေပြင်အခြေအနေကို သိရှိရန် အမှန်တကယ်ကွင်းဆင်းဆောင်ရွက်မှုအား နည်းခြင်း၊ ပြည်သူလူထုနှင့်တိုင်ပင်ညှိုနှိုင်းမှုမရှိဘဲ သတ္တုတူးဖော်ခြင်း၊ ၎င်းအပြင် သတ္တုတူး ဖော်သည့် ကုမ္ပဏီအချို့သည် ဒေသခံများ၏ ဉယျာဉ်ခြံမြေများကို ခြိမ်းခြောက်ပြီး လုပ်ငန်း များ လည်ပတ်ဆောင်ရွက်နေခြင်းတို့ ရှိနေကြောင်း ကြားသိရပါသည်။ အဓိကအားနည်းချက်မှာ သေချာ ကွင်းဆင်းဆောင်ရွက်မှုမရှိဘဲ မြေပုံအရ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်းပင် ဖြစ်နေသည်ကို တွေ့ရှိခဲ့ပါသည်။

တရားဝင်မြေယာပိုင်ဆိုင်ကြောင်းအထောက်အထားတစ်ခုမှ မပြနိုင်ခြင်း သည်လည်း အဓိကအားနည်းချက် တစ်ရပ်ပင် ဖြစ်ပါသည်။ သို့အတွက်ကြောင့် ကျူးကျော်မှု ကို ခံနေရခြင်းပင် ဖြစ်မည်ဟု ယူဆမိကြောင်း ဒေသခံများက တွေးထင်ထားပါသည်။ သတ္တူတူးဖော်မှုမှ ထွက်ရှိလာသည့် ဘေးထွက် ဆိုးကျိုးများကြောင့် လယ်ယာ ဉယျာဉ်ခြံများနှင့် စိုက်ခင်းများ ပျက်စီးခြင်းအပြင် စိုက်ပျိုးမြေများပါ စိုက်ပျိုးရန် သင့်တော်သည့်အနေအထားတွင် ရှိမနေသည်ကို တွေ့ရှိခဲ့ရပါသည်။ သို့အတွက်ကြောင့် ဒေသခံများနှင့် ကုမ္ပဏီတို့အကြားတွင် လက်ရှိအချိန်အထိ အမှုရင်ဆိုင်ဖြေရှင်း နေရဆဲပင် ဖြစ်ပါသည်။ အဓိက လိုအပ်ချက်အနေဖြင့် သတ္တုတူးဖော်ခြင်းကို ရပ်ဆိုင်းထားပေး ရန်၊ ဥပဒေ၏ အကာအကွယ်ကို အပြည့်အဝရရှိရန် နှင့် ပျက်စီးသွားသည့် လယ်ယာ၊ ဥယျာဉ် ခြံစိုက်ခင်းများအတွက် ထိုက်တန်သည့် နစ်နာကြေးရရှိရန်တို့ပင် ဖြစ်ပါကြောင်း ဒေသခံများက ဆိုပါသည်။

မြေယာကဏ္ဍ

  • ရှမ်း ပြည်နယ်(အရှေ့)
  • မိုင်းဆတ်မြို့နယ်
  • အားရဲကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၀၈ ခုနှစ်မှစတင်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

အခါ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အားရဲကျေးရွာနှင့်အနီးပတ်ဝန်းကျင်မှရွာသူ/သားများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

သတ္တုတူးဖော်သည့်ကုမ္ပဏီများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

လုပ်ကွက်ချပေးရာတွင် မြေပြင်တွင် သေချာကွင်းဆင်းသင့်၊ ဒေသခံများအား ကြိုတင်အသိပေးဆွေးနွေးသင့်၊ နစ်နာမှုအတွက် အစိုးရမှ ကြားဝင်ဖြေရှင်းပေးကာ ထိုက်တန်သည့် နစ်နာမှုလျော်ကြေးများ ချမှတ်ပေးသင့်သည့် အပြင် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့်အရာများကိုလည်း သေချာစွာ လိုက်နာမှုရှိရန် ကြီးကြပ်သင့်ပါသည်။