မြေယာဈေးကွက်မက်လုံးနှင့် မြေဆုံးရှုံးမှုများ၊ ဖာဖဲကျေးရွာ၊ ဆန့်ကန်ကျေးရွာအုပ်စု၊ မိုင်းဆတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

Confirmation Status : Reported
October 11, 2020

မြေယာဈေးကွက်မက်လုံးနှင့် မြေဆုံးရှုံးမှုများ၊ ဖာဖဲကျေးရွာ၊ ဆန့်ကန်ကျေးရွာအုပ်စု၊ မိုင်းဆတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မိုင်းဆတ်မြို့နယ်၊ ဆန့်ကန်ကျေးရွာအုပ်စု၊ ဖားဖဲကျေးရွာတွင် ၁၉၉၉-၂၀၀ဝ ခုနှစ်ခန့်က စီးပွားရေးလုပ်ငန်းရှင်များမှ စိုက်ပျိုးမြေများကို ဒေသခံများထံမှ ဈေးပေါပေါဖြင့် ဝယ်ယူကာ ခဲမဖြူစီးပွားဖြစ် ထုတ်လုပ်ခြင်း၊ ရာဘာစိုက်ပျိုးခြင်းတို့ ုလုပ်ကိုင်နေတယ်ပါတယ်။ ဒေသခံများမှာမူ ယခုတွင် စီးပွားရေး ဆုတ်ယုတ်လာပြီး ဒုက္ခရောက်နေရတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

မိုင်းဆတ်မြို့နယ်၊ ဆန်ကန်ကျေးရွာအုပ်စု၊ ဖာဖဲကျေးရွာတွင် ၁၉၉၉ -၂၀၀ဝ ခုနှစ်ခန့်၌ စီးပွား ရေးလုပ်ငန်းရှင် များက လယ်မြေ၊ ဉယျာဉ်ခြံမြေနှင့် တောင်ယာမြေများကို ဈေးနိမ်ဝယ်ယူရာတွင် ဒေသခံများက မသိရှိသဖြင့် ၎င်းတို့၏ မြေယာများကို ဈေးပေါပေါဖြင့် ရောင်းချစွန့်လွှတ် ခဲ့ရပါသည်။ စီးပွားရေး လုပ်ငန်းရှင်များသည် ခဲမဖြူကို စီးပွားဖြစ် ထုတ်လုပ်လာကြပြီး ရာဘာစိုက်ခင်းများကိုလည်း စိုက် ပျိုးလာကြသည်ကို တွေ့ရှိခဲ့ပါသည်။ အခြေအနေ အရပ်ရပ်ကြောင့် လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ၏ လုပ်ဆောင် ချက်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် လျစ်လျှုရှုခဲ့ရပါသည်။ အ ကျိုးဆက်အနေဖြင့် စိုက်ပျိုးမြေ၊ စားကျက်မြေများ လျော့နည်းလာခြင်း၊ ရွာသူ / သားများ၏ စားဝတ်နေရေး ခက်ခဲလာခြင်းနှင့်အတူ ဆင်းရဲမွဲတေမှုများလည်း တစ်နေ့တစ်ခြား များပြား လာသည်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုကြပါတယ်။ အဖက်ဖက်က အားနည်းနေသည့် ပြည်သူများအနေဖြင့် မည်သို့မျှ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက်ကြောင့် မြေယာများကို စွန့်လွှတ်ပေးခဲ့ရကြောင်း ဒေသခံများက ဆိုပါသည်။ သို့အတွက်ကြောင့် ဒေသခံ ပြည်သူများ၏ အသိပညာများ ယခုထက်ပိုမို၍ ကျယ်ပြန့်လာစေ ရန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း နားလည်ရန် လိုအပ်လာသည်မှာ အမှန်တကယ် ပင် ဖြစ်ပေတော့သည်။ ဌာနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးကို သက်ဆိုင်ရာ မှ အပြည့်အဝ ကာကွယ်ပေးရန်မှာလည်း အရေးတကြီး လိုအပ်လှပေသည်။

မြေယာကဏ္ဍ

  • ရှမ်း ပြည်နယ်(အရှေ့)
  • မိုင်းဆတ် မြို့နယ်
  • ဖာဖဲကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၁၉၉၉ -၂၀၀ဝ ခုနှစ်ခန့်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

လားဟူ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

ဖာဖဲကျေးရွာသူ/သားများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

စီးပွားရေးလုပ်ငန်းရှင်များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

နောက်နောင်တွင် အလားတူ ပြဿနာမျိုး ထပ်မံ မဖြစ်ပွားရန်မှာလည်း တာဝန်ရှိသူများအနေဖြင့် တာဝန်ယူ ဆောင်ရန် အထူးလိုအပ်သည့်အပြင် ဒေသခံများအနေဖြင့်လည်း ၎င်းတို့၏ မြေယာရပိုင်ခွင့်များကို သေချာစွာ သိရှိထားရန် လိုအပ်ပါသည်။