စီးပွားဖြစ်ရာဘာစိုက်ခင်းများကြောင့် သစ်တောများပြုန်းကာ ရေသယံဇာတများ ခမ်းခြောက်၊ ဖားဖဲကျေးရွာ၊ ဆန့်ကန်ကျေးရွာအုပ်စု၊ မိုင်းဆတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ဒေသခံများ၏ အဆိုအရ ဖာဖဲကျေးရွာတွင် ၁၉၉၉ – ၂၀၀ဝ ခုနှစ်ခန့်က စီးပွားရေးလုပ်ငန်းရှင်များသည် အထွေထွေအုပ် ချုပ်ရေးဉီးစီးဌာန၊ မြေစာရင်းဌာတို့နှင့် ပူးပေါင်း၍ သစ်တောများကို အပြောင်ရှင်းကာ စီးပွား ဖြစ်ရာဘာစိုက်ခင်းများကို စိုက်ပျိုးခဲ့ကြတယ်ဟု သိရှိရပါသည်။ မေသန်ကျေးရွာတွင်လည်းစိုက်ပျိုးမြေများ တိုးချဲ့လာမှုနှင့်အတူသစ်တောများကို အလွန်အကျွံ့ ခုတ်ထွင်ရှင်းလင်းခြင်းခံခဲ့ရပါသည်။ ထိုသို့ သစ်တောများကိုအပြောင်ရှင်းလင်းခဲ့မှုများကြောင့် နှစ်အနည်းငယ်အကြာတွင် ရေထွက်များ လျော့နည်းလာပြီး စမ်းချောင်းများ၊ ရေတွင်း၊ ရေအိုင်များ ခန်းခြောက်လာသည်ကို တွေ့ရှိခဲ့ရပါတယ်။ သစ်၊ဝါးများကို စီးပွားဖြစ် အလွန်အကျွံ ထုတ်ယူ သုံးစွဲမှု များသည်လည်း ရေကို လုံ လောက်စွာမရရှိခြင်း၏ အဓိက အကြောင်းအရင်းတစ်ရပ်ပင်ဖြစ်ပါသည်။ရာသီဥတုဖောက်ပြန်လာမှု နှင့်အတူ မိုးရွာသွန်းမှုသည်လည်း ပုံမှန်အခြေအနေတွင် ရှိမနေသောကြောင့် သောက် သုံးရေမလုံလောက်ရခြင်း ဖြစ်ပါ သည်။ ရေသယံဇာတရှားပါးလာမှုနှင့်အတူလယ်ယာ သီးနှံ များအရင်လို များများစားစား စိုက်ပျိုးနိုင်ခြင်း မရှိတော့သည့်အပြင် သောက်သုံးရေများလည်း ရှားပါးလာသည်ကိုတွေ့ရှိခဲ့ရပါသည်။ဒေသခံပြည်သူများအနေဖြင့်ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိသလိုသက်ဆိုင်ရာဌာနများကလည်းဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည်ကို တွေ့ရှိခဲ့ရပါ သည်။ ဒေသခံပြည်သူများ အသိအမြင် ပွင့်လင်းမှု၊ ဥပဒေ စိုးမိုးမှု၊ ပြည်သူများအကျိုးကို လက် တွေ့ဖော်ဆောင်ပေးမှု စသည်တို့ အားနည်းနေသည်ကိုလေ့လာတွေ့ရှိခဲ့ပါသည်။
ရေအရင်းအမြစ်ကဏ္ဍ
- ရှမ်း ပြည်နယ်(အရှေ့)
- မိုင်းဆတ် မြို့နယ်
- ဖာဖဲကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၁၉၉၉ – ၂၀၀ဝ ခုနှစ်
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
လားဟူ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
ဖာဖဲကျေးရွာသူ/သားများအားလုံး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
စီးပွားရေးလုပ်ငန်းရှင်များ၊အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊မြေစာရင်းဌာန