စိုက်ပျိုးမြေချဲ့ထွင်ခြင်းနှင့် သတ္တုတူးဖော်မှုများကြောင့် ပတ်ဝန်းကျင်ယိုယွင်းကာ သီးနှံအထွက်နှုန်း လျော့ကျ၊ နောင်ယားဆိုင်ကျေးရွာ၊ ဟိုပန်ကျေးရွာအုပ်စု၊ မိုင်းတုံမြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

Confirmation Status : Reported
October 10, 2020

စိုက်ပျိုးမြေချဲ့ထွင်ခြင်းနှင့် သတ္တုတူးဖော်မှုများကြောင့် ပတ်ဝန်းကျင်ယိုယွင်းကာ သီးနှံအထွက်နှုန်း လျော့ကျ၊ နောင်ယားဆိုင်ကျေးရွာ၊ ဟိုပန်ကျေးရွာအုပ်စု၊ မိုင်းတုံမြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ ဟိုပန်ကျေးရွာအုပ်စု၊ နောင်ယားဆိုင်ကျေးရွာတွင် စိုက်ပျိုးမြေချဲ့ထွင်ခြင်းနှင့် သတ္ထု တူးဖော်မှုများကြောင့် ပတ်ဝန်းကျင်ယိုယွင်းလာကာ ရာသီဥတုဖောက်ပြန်နေတယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ စိုက်ပျိုးသီးနှံမဖြစ်ထွန်းမှုများနှင့် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ ဟိုပန်ကျေးရွာအုပ်စု၊ နောင်ယားဆိုင်းကျေးရွာသည် ၂၀၁ဝ ခုနှစ်နောက်ပိုင်းမှစ၍ ယခုလက်ရှိအချိန်အထိ သစ် တောထွက်ပစ္စည်းများ ကို စနစ်တကျ ထုတ်ယူသုံးစွဲမှုမရှိခြင်း၊ စိုက်ပျိုးမြေများ တိုးချဲ့လာခြင်း နှင့် ဓာတ်သတ္တုများတူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်သည် တစ်စတစ်စ ယိုယွင်း ပျက်စီးလာသည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုသို့ လုပ် ဆောင်ခဲ့မှုများကြောင့် ရာသီဥတုဖောက်ပြန်လာပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးလာကာ စိုက်ပျိုးသီးနှံအထွက်နှုံး များလည်း တစ်နှစ်ထက်တစ်နှစ်လျော့နည်းလာခဲ့ပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။ ၎င်းကိစ္စ များကို ဖြေရှင်းဆောင်ရွက်ရန် သက်ဆိုင်ရာမှသော်လည်းကောင်း၊ ဒေသခံများ ကိုယ်တိုင်မှသော်လည်းကောင်း မည်သည်ကိုမျှ စီမံဆောင်ရွက်နေခြင်းမရှိသေးကြောင်း စိတ်မကောင်းစွာ တွေ့ရှိခဲ့ရပါသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ

  • ရှမ်း ပြည်နယ်(အရှေ့)
  • မိုင်းတုံ မြို့နယ်
  • နောင်ယားဆိုင်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၀ ခုနှစ်နောက်ပိုင်း

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

လားဟူ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

နောင်ယားဆိုင်းကျေးရွာသူ/သားများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ဓာတ်သတ္တုများတူးဖော်သည့်လုပ်ငန်းရှင်များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

လုပ်ဆောင်ရန် ကိစ္စများအနေဖြင့် သစ်ပင်များကို လိုအပ်သောနေရာတွင် ကွက်လပ်ဖြည့်စိုက်ပျိုးထားရှိရန်၊ ဒေသခံပြည်သူများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများတိုးတက်ရရှိရန်နှင့် မြေသယံဇာတများကို စနစ်တကျ ထုတ်ယူသုံးစွဲတတ်စေရန် အသိပညာပေးဖို့ အရေးတကြီးလိုအပ်နေသည်ကိုလေ့လာတွေ့ရှိခဲ့ပါသည်။