နမ့်လင်းပိုင်ကျေးရွာတွင် အထက်ပိုင်းသစ်တောများမှ သစ်အလွန်အကျွံထုတ်ယူမှုများသဖြင့် ရေထွက်များ လျော့နည်းလာ၊ ကျိုင်းတုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

Confirmation Status : Reported
October 10, 2020

နမ့်လင်းပိုင်ကျေးရွာတွင် အထက်ပိုင်းသစ်တောများမှ သစ်အလွန်အကျွံထုတ်ယူမှုများသဖြင့် ရေထွက်များ လျော့နည်းလာ၊ ကျိုင်းတုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နမ့်လင်းပိုင်ကျေးရွာတွင် အထက်ပိုင်းသစ်တောများမှ သစ်အလွန်အကျွံထုတ်ယူမှုများသဖြင့် ရေထွက်များ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နမ့်လင်းပိုင်းကျေးရွာတွင် လွန်ခဲ့သော နှစ်ပေါင်း (၂ဝ )ကျော်လောက်က ကျေးရွာ၏အထက် ပိုင်းတွင်ရှိသော သစ်တောအတွင်းမှ သစ်အလွန်အကျွံ့ ထုတ်ယူသုံးစွဲမှုများကြောင့် သစ်တော များ ပျက်စီးပြုန်းတီးလာပြီး ရေရရှိမှုသည်လည်း လျော့နည်းလာသည်ကို တွေ့ရှိခဲ့ရပါတယ်။ ရာသီဉတု ဖောက်ပြန်လာမှုနှင့်အတူ သစ်များအလွန်အကျွံ့ခုတ်ယူသုံးစွဲ ခြင်းကြောင့် ရေရရှိမှု လျော့နည်းလာသည်ကို ကျေးရွာနေ ရွာသူ / သားတို့ တစ်နှစ်ထက်တစ်နှစ်ပိုမို၍ ခံစားနေကြရတယ်လို့ ဒေသခံများက ဆိုပါတယ်။ ရေရရှိမှု ပြန်လည်မြင့်တက်လာစေရန်အတွက် ကျေးရွာသားများ ကိုယ်တိုင် တတ်နိုင်သလောက် သစ်ပင်များကို လိုအပ်သောနေရာတွင် ပြန်လည်စိုက် ပျိုးခြင်းအပြင် သစ်အလွန်အကျွံ့ ထုတ်ယူသုံးစွဲမှုများကိုလည်း ကန့်သတ်ထားသည်ကို တွေ့ရှိခဲ့ရပါတယ်။ ထို့အပြင် ကျေးရွာ၏ ရွာပိုင်တော ဧက ( ၁၄၂ ) ကို လည်း လိုအပ်သောနေရာများတွင် ကွက်လပ်ဖြည့် စိုက်ပျိုးခြင်းများကိုလည်း လုပ်ဆောင်နေ သည်ကို သိရှိခဲ့ရသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်မည်ဆိုပါက သစ်တော ဉီးစီးဌာနနှင့် ချိတ်ဆက်၍ ယခုထက်ပိုမိုပြီး လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေသခံများမှ ဆိုပါတယ်။

သစ်တောနှင့် တောရိုင်းတိရိစ္ဆာန် ကဏ္ဍ

  • ရှမ်း ပြည်နယ်(အရှေ့)
  • ကျိုင်းတုံ မြို့နယ်
  • နမ့်လင်းပိုင်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

2000 ခုနှစ်ဝန်းကျင်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

အဲန်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

နမ့်လင်းပိုင်းကျေးရွာသူ/သားများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

သစ်အလွန်အကျွံခုတ်ယူခြင်းကြောင့်

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သစ်တောဦးစီးဌာန၊ NGOs တို့မှ ၎င်းတို့ လက်ရှိလုပ်ကိုင်နေသည့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းကို နည်းပညာ၊ ငွေကြေး ပံ့ပိုးကူညီပေးသင့်ပါသည်။