ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျေးရွာအချို့တွင် လမ်းမကြီးဖောက်လုပ်မှုကြောင့် ရေအရင်းအမြစ်များ ပျက်စီးကာ ရေရှားပါးမှုများနှင့် ကြုံနေရ
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
၂၀၁ရ ခုနှစ်မှ စတင်၍ မိုင်ချမန်လည်ကျေးရွာအုပ်စု၊ ဟိုပန်ကျေးရွာတွင် လမ်းမကြီးပြုပြင် ဖောက်လုပ်ခြင်း၊ သစ်တောပြုန်းတီး ခြင်းနှင့် တောမီးလောင်ခြင်းတို့ကြောင့် ရေအရင်းအမြစ်များ ဆုံးရှုံးခြင်းတို့ကို ကြုံ တွေ့နေရတယ်လို့ သိရပါတယ်။ ရေထွက်ပေါက်များလျော့နည်းလာ၍ ရေသယံဇာတရှားပါးလာခြင်းနှင့်အတူ ဟိုပန် ကျေးရွာဒေသခံများ နှင့် လမ်းမကြီးတစ်ဝိုက်တွင်နေထိုင်သည့် ဒေသခံတို့ ရေရှားပါးမှုပြဿနာကို စတင်ကြုံတွေ့နေတယ်လို့ ဆိုပါတယ်။ ထိုသို့ ရေ မလုံလောက်မှုများကြောင့် ဟိုပန်ကျေးရွာရှိ ရွာ သူ/သားများနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံတို့အချင်းချင်း ပြဿနာ ဖြစ်နေကြသည်ကို တွေ့ ရှိခဲ့ရပါသည်။ သို့အတွက်ကြောင့် ကျန်ရှိနေသော ရွာပိုင်တောများကိုလည်း ဒေသခံများမှထိန်းသိမ်းနေ သည်ကိုလည်းတွေ့ရှိခဲ့ရပါတယ်။ ၎င်းအပြင် ရေပိုက်၊ ရေလှောင်ကန်နှင့် ရေအရင်းအမြစ် ထိန်းသိမ်းနည်းပညာတို လိုအပ်နေ သည်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ထို့အတူ မိုင်းအန်းကျေး ရွာအုပ်စု၊ နောင်ဆူကျေးရွာ တွင်လည်း ၂၀၁ရ ခုနှစ်မှစတင်၍ သောက်သုံးရေရှားပါးမှု ပြဿ နာကို စတင်ကြုံတွေ့လာခဲ့ကြောင်း၊ မိုးရွာသွန်းမှု လျော့ နည်းသဖြင့် တောထဲက ရေထွက်များ လည်း ခမ်းခြောက်ကုန်ကြောင်း၊ ရွာသူ / သားများအတွက် ရေရှည်အသုံးပြုနိုင်ရန် ရေကန် လုပ်ဖို့ကြိုးစားနေကြောင်း၊ တောထဲမှလည်းရေသွယ်ဖို့ လုပ်ဆောင်နေကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ နောင်ဆူကျေးရွာသားများနေဖြင့် ရေရရှိရန်အတွက် ရွာမှ တော်တော်ဝေးဝေးကို သွား ရောက်၍ ခပ်ယူနေရခြင်းကြောင့် အလုပ်ပျက်၊ အကိုင်ပျက် ဖြစ်နေပါကြောင်း၊ ရေလှောင်ကန် ဆောက်လုပ်ရန်လည်း တင်ပြထားပါကြောင်း၊ ရေသွယ်တန်းရန်အတွက် ရေပိုက်များ လိုအပ် နေသည့်အပြင် ရေလှောင်ကန်ဆောက်ရန်အတွက် အုတ်၊သဲ၊ကျောက်များလည်း လိုအပ်နေကြောင်းကို ပြောပြပါသည်။
ရေအရင်းအမြစ်ကဏ္ဍ
- ရှမ်း ပြည်နယ်(အရှေ့)
- ကျိုင်းတုံ မြို့နယ်
- ဟိုပန်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၇ ခုနှစ်မှစတင်
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
လားဟူ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
ဟိုပန်ကျေးရွာသူ/သားမျာ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
လမ်းမကြီးပြုပြင်ဖောက်လုပ်ခြင်းကြောင့်