မိုးခေါင်ခြင်း၊ လမ်းခင်းရန်အတွက် တောင်ဖြိုခြင်းများကြောင့် ရေလမ်းကြောင်းများပျက်စီးကာ သောက်သုံးရေ အခက်အခဲဖြစ်၊ ပန်မက်ကျေးရွာ၊ ပန်မက်ကျေးရွာ အုပ်စု၊ ကျိုင်းတုံမြို့နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်မက်ကျေးရွာအုပ်စု၊ ပန်မက်ကျေးရွာတွင် ၂၀၁၉ ခုနှစ်အတွင်း မိုးရွာသွင်းမှု လျော့နည်းလာခြင်း၊ လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် တောင်တွေဖြိုခြင်း နှင့်အတူ ရေထွက်လမ်းကြောင်းများပျက်စီး လာခြင်းတို့ကြောင့် သောက်ရေ၊ သုံးရေအခက်အခဲ များရှိနေသည်ကို တွေ့ရှိခဲ့ရပါသည်။ သို့အတွက်ကြောင့် ရေယူတာနှင့် ပတ်သက်ပြီး အိမ်နီးနားချင်းများ အချင်းချင်းအကြားတွင် ပြဿနာများ ဖြစ်လာသည့်အပြင် ရေလုံလောက်စွာမရရှိသောကြောင့် သီးနှံ အထွက်နှုံးများလည်း အနည်းငယ်လျော့နည်းလာသည်ကို တွေ့ရှိခဲ့ရပါတယ်။ ( ၂၀၁၈ ) ခုနှစ်နောက်ပိုင် တွင် ပို၍ ဆိုးလာသည်ကို သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ ရွာသူ / သား များအနေဖြင့် လိုအပ်သည်ထက်ပို၍ ထင်းခုတ်ခြင်း၊ တောင်ယာမီးရှို့ခြင်းများ လုပ်ဆောင်ခြင်းတို့လည်း ရှိကြောင်း ဆိုပါတယ်။
ရေအရင်းအမြစ်ကဏ္ဍ
- ရှမ်း ပြည်နယ်(အရှေ့)
- ကျိုင်းတုံ မြို့နယ်
- ပန်မက်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၈ ခုနှစ်စတင်
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
လားဟူ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
ပန်မက်ကျေးရွာရှိလူဦးရေအားလုံး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကိုယ်ပိုင်စွန့်ဉီးတီထွင်လုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
လမ်းခင်းခြင်းလုပ်ငန်း