နမ့်ခမ်းချောင်းအထက်ဘက် ရွှေတူးဖော်မှု ကြောင့် ချောင်းရေများ ဓါတုအဆိပ်သင့်၊ သွားပြောသည့် ရှမ်းလူကြီး အသက်ခံရ၊ ပါခမ်း (၂) ကျေးရွာ၊ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

Confirmation Status : Reported
October 10, 2020

နမ့်ခမ်းချောင်းအထက်ဘက် ရွှေတူးဖော်မှု ကြောင့် ချောင်းရေများ ဓါတုအဆိပ်သင့်၊ သွားပြောသည့် ရှမ်းလူကြီး အသက်ခံရ၊ ပါခမ်း (၂) ကျေးရွာ၊ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါခမ်း (၂) ကျေးရွာ၊ နမ့်ခမ်းချောင်းအထက်ဘက် ရွှေတူးဖော်မှုများကြောင့် ချောင်းရေများ ဓါတုအဆိပ်သင့်နေပြီး ကလေးများ ယားယံကာ ကျွဲ၊နွားများ သေဆုံးနေတယ်လို့ ဆိုပါတယ်။ ရေသန့်များကို ဝယ်ယူသောက်သုံးနေရပြီး ကုမ္ပဏီကို သွားပြောသည့် ရှမ်းလူကြီး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

တာချီလိတ်မြို့နယ်၊တာလေမြို့နယ်ခွဲ၊ပါခမ်း(၂)ကျေးရွာအနီး၊နမ့်ခမ်းချောင်း အထက်ပိုင်းတွင် လွန်ခဲ့သော (၆)နှစ်ခန့်ကစ၍ ရွှေတွင်းတူးဖော်သည့် ကုမ္ပဏီကြောင့် လုပ်ငန်းစတင်ပြီး ၄ နှစ်အကြာတွင် သောက်သုံးရေတွင်းများ၌ဓာတုအဆိပ်သင့် ခြင်း များ ဖြစ်နေသည်ဟု သိရှိရပါတယ်။ ရွှေတွင်း မတူးခင်က ရေအရည်အသွေးသည် သောက်သုံး၍ ရခဲ့သော်လည်း ကုမ္ပဏီဝင်ရောက်ပြီး နှစ်အနည်းငယ်အကြာတွင် ကလေးများ ရေချိုးရာတွင် ယာယံမှုများ ဖြစ်သည့်အပြင် နွားများ၊ ကျွဲ များလည်း သေဆုံးလာပြီး စိုက်ပျိုးလို့ မရတော့ဟု ဆိုပါသည်။ လက်ရှိအချိန်ထိ ထိုရွှေတူးခြင်းလုပ်ငန်းကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဒေသခံများ ပြောကြားချက်အရ သိရပါတယ်။ ရှမ်းလူကြီးတစ်ဦးမှ ကုမ္ပဏီအား သွားရောက်ပြောကြားရာတွင် အသတ်ခံခဲ့ရသဖြင့် ဒေသခံများ ကြောက်လန့်နေကြောင်းနှင့် ဒေသခံရွာသူ/သားများအတွက် ရေအရည်အသွေးသည် သောက်သုံးရန် မသင့်လျော် သည့်အတွက်ကြောင့် ရေသန့်များကို ဝယ်ယူ သောက်သုံးနေရကြောင်း သိရှိရပါတယ်။ ယခုလက်ရှိ အချိန်တွင် ကျေးရွာအတွက် အဓိက လိုအပ်ချက်မှာ သောက်ရေသန့်ပင် ဖြစ်သည်ကို လေ့လာတွေ့ရှိရ ပါသည်။

သတ္တုကဏ္ဍ

  • ရှမ်း ပြည်နယ်(အရှေ့)
  • တာချီလိတ်မြို့နယ်
  • ပါခမ်း(၂)ကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

လွန်ခဲ့သော ၄ နှစ်မှ စကာ ယနေ့ထိတိုင်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

အခါ၊လားဟူ၊ကရင်၊ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

ပါခမ်း(၂)ရွာသူ/သားများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကိုယ်ပိုင်စွန့်ဉီးတီထွင်လုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ကုမ္ပဏီ(အမည်မသိ)

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ