လူဦးရေတိုးကာ ကျွဲ၊ နွားမွေးမြူမှု တိုးပွားလာသဖြင့် စားကျက်မြေများ ရှားပါးလာ၊ မယ်ဖုံလုံးကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

Confirmation Status : Reported
October 10, 2020

လူဦးရေတိုးကာ ကျွဲ၊ နွားမွေးမြူမှု တိုးပွားလာသဖြင့် စားကျက်မြေများ ရှားပါးလာ၊ မယ်ဖုံလုံးကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်ဖုံလုံးကျေးရွာတွင် လူဦးရေများလာသည်နှင့်အမျှ ကျွဲ၊ နွားမွေးမြူမှုများလည်း များလာပြီး စားကျက်မြေများ ရှားလာပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

( ၂၀၁၈ – ၂၀၁၉ ) ခုနှစ်မှစတင်၍ မယ်ဖုံလုံးကျေးရွာတွင် လူဉီးရေတိုးပွားလာမှုနှင့်အတူ ကျွဲ၊ နွားမွေးမြူမှုများသည်လည်း တိုးပွားလာခြင်းကြောင့် စားကျက်မြေလုံလုံလောက်လောက်မရှိ၍ တိရိစ္ဆာန်များ သေကြေပျက်စီးမှုများရှိနေတယ်လို့ ဆိုပါတယ်။

သို့ဖြစ်ပါသောကြောင့်အကျိူးဆက်အနေဖြင့်မယ်ဖုံလုံးကျေးရွာရှိရွာသူ/သားများနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများရှိရွာသူ/သားတို့သည်စားကျက်မြေအငြင်းပွားမှုများရှိနေသည်ကိုလေ့လာတွေ့ရှိခဲ့ရတယ်လို့ သတင်းပို့ပါသည်။ /p>

၎င်းပြဿနာကိုပြေလည်စေရန်အတွက်ကျေးရွာနှစ်ရွာ၏ရွာလူကြီးများနှင့်ဓမ္မဆရာများအချင်းချင်းဆွေးနွေးတိုင်ပင်နေကြကြောင်းလည်း ကြားသိရပါတယ်။

မြေယာကဏ္ဍ

  • ရှမ်း ပြည်နယ်(အရှေ့)
  • တာချီလိတ်မြို့နယ်
  • မယ်ဖုံလုံးကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၆.၁.၂၀၂၀

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

အခါ၊လားဟူ၊ကရင်၊ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

မယ်ဖုံလုံးကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ရပ်ရွာလူကြီးများမှ သက်ဆိုင်ရာ ဌာနဆိုင်ရာများကို ဖိတ်ခေါ်ကာ နှစ်ဖက်ကျေးရွာသားများနှင့်အတူ ညှိနှိုင်း ဖြေရှင်းသင့်ပါသည်။