ကျေးရွာအချင်းချင်းကြား တောင်ယာကျူးကျော်ခုတ်သဖြင့် ရွာပိုင်နယ်နိမိတ်ပြဿနာဖြစ်နေ၊ ပန်ကုန်းကျေးရွာအုပ်စု၊ မန်တုန်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်တုန်မြို့၊ပန်ကုန်းနယ်မြေတွင် ဟိုနား၊ မန်ဖောက်မှ ကျူးကျော် တောင်ယာ လာခုတ်နေသဖြင့် ရွာအချင်းချင်းအကြား ရွာပိုင်နယ်နိမိတ်ပြဿနာဖြစ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
မန်တုန်မြို့နယ်၊ပန်ကုံးနယ်မြေတွင် ဟိုနား၊မန်ဖောက် မှ ကျူးကျော်တောင်ယာလာခုတ်သဖြင့် နယ်နိမိတ်ပြဿနာဖြစ်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၉ခုနှစ်နှင့် လက်ရှိ၂၀၂ဝ ၂ နှစ်ဆက်တိုက် ပန်ကုံးနယ်မြေမှာ တောင်ယာ လာရောက်ခုတ်ခြင်းဖြစ်ပြီး ကျေးရွာအချင်းချင်းအကြား မလို လားအပ်တဲ့ ပြဿနာတွေဖြစ်နေပါတယ်။ သက်ဆိုင်ရာမှ ဘာမှ ကြားဝင်ဆောင်ရွက်ထားပေးခြင်း မရှိပါ။ တရားဥပဒေ၏ ကူညီခြင်းကိုလိုအပ်လျက်ရှိပါတယ်လို့ ဒေါ်ခေါန်မိုင်က ဆိုပါတယ်။
မြေယာကဏ္ဍ
- ရှမ်း ပြည်နယ်(မြောက်)
- မန်တုန်မြို့နယ်
- ပန်ကုံးအုပ်စု
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၉-၂၀၂၀
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကချင်၊တအာင်း၊ရှမ်း၊တရုတ်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
ကျေးရွာသူ/သားများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကိုယ်ပိုင်စွန့်ဉီးတီထွင်လုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ဒေသခံရွာသူ/သားများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
တာဝန်ရှိသူများမှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသင့်ပါသည်။