အစုအဖွဲ့ပိုင်သစ်တောနှင့် ရင်းမြစ် လက်လှမ်းမှီမှုဆိုင်ရာ ကျေးရွာချင်းပဋိပက္ခ၊ မန်ပွန်းကျေးရွာ၊ မန်တုန်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

Confirmation Status : Reported
October 10, 2020

အစုအဖွဲ့ပိုင်သစ်တောနှင့် ရင်းမြစ် လက်လှမ်းမှီမှုဆိုင်ရာ ကျေးရွာချင်းပဋိပက္ခ၊ မန်ပွန်းကျေးရွာ၊ မန်တုန်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်တုံမြို့နယ်၊ မန်ပွန်းကျေးရွာ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းအတွင်း အခြားကျေးရွာများမှ ကျွဲ၊နွားများ စည်းကမ်းမဲ့လွှတ်ကျောင်းခြင်း၊ စည်းကမ်းမဲ့ဝင်ရောက်ခြင်းနှင့် ဝင်ရောက် စိုက်ပျိုးခြင်းတို့ကြောင့် ကျေးရွာ အချင်းချင်းအကြား ပဋိပက္ခ့ဖြစ်နေတယ်လို့ မန်ပွန်းကျေးရွာသားများက ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

မန်တုံမြို့နယ်၊ မန်ပွန်းကျေးရွာမ စုစုပေါင်းတည်ထောင် ထားသော အစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းထဲသို့ အခြားကျေးရွာများမှ ကျွဲ၊နွားများ စည်းကမ်းမဲ့လွှတ်ကျောင်းသဖြင့် စိုက်ခင်းများ ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။ ရွာအချင်းချင်းကြား နယ်မြေ သတ်မှတ်ထားသော်လည်း လေးစားမှုမရှိခြင်းတို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ပန်ဆွေ(အထက်)ရွာ၊ပန်ဆွေ(အောက်)ရွာ၊ မန်း မောက်ရွာတို့နှင့် ပတ်သက်နေပါတယ်။ အလေးထား ဂရုစိုက်မှုအားနည်းခြင်း၊အလုပ်လုပ်ကိုင်စားသောက်နေရမှု ကြောင့်ကျွဲ၊နွားများကိုလိုက်မထိန်းနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တစ်ရွာနှင့်တစ်ရွာ ပြဿနာ ဖြစ်ပေါ်လာခြင်း၊မကြာခဏဖြေရှင်းနေရခြင်း၊ရွာ၏စိုက်ခင်းပျက်ဆီးမှုများလာခြင်းတို့ရှိနေပါတယ်လို့ ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

သစ်တောနှင့် တောရိုင်းတိရိစ္ဆာန် ကဏ္ဍ

  • ရှမ်း ပြည်နယ်(မြောက်)
  • မန်တုံမြို့နယ်
  • မန်ပွန်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

နှစ်စဉ်

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း၊ကချင်၊တအာင်း၊တရုတ်

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

ကျေးရွာရှိလူအားလုံ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

‌ဒေသခံများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ