ဝင်းမြင့်မိုရ်စက်ရုံထွက် လေထုကြောင့် ပတ်ဝန်းကျင်ကျေးရွာများ၏ ကျန်းမာရေးထိခိုက်မှုရှိနေ၊ ဟာလင်းကျေးရွာ၊ နမ္မတူမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
နမ္မတူမြို့နယ် ဟာလင်းကျေးရွာအနီးတွင် ဝင်းမြင့်မိုရ်စက်ရုံမှ ထွက်လာသော အနံ့အသက်များကြောင့် ရွာ အောက်ပိုင်းရှိရွာသူ/သားများခေါင်းမူးခြင်း၊အော့အန်ခြင်း၊ရင်ကြပ်ခြင်း၊ချောင်းဆိုးခြင်းများခံစားနေရပါတယ်လို့ သိရပါတယ်။ ကျေးရွာနှင့်အနီးဆုံးတွင်စက်ရုံလာရောက်တည် ဆောက်ထားခြင်းကြောင့် ထိုပြဿနာဖြစ်သည်ဟုထင်ကြောင်း ဒေသခံများမှ ဆိုပါသည်။ စက်ရုံမှာ ဟာလင်းကျေးရွာနှင့် ကပ်လျက်တည်ရှိနေပါသည်။၂၀၁ဝတွင်စက်ရုံစတင်လည်ပတ်ပြီး ဝန်ကြီးဌာနနှင့်အေးရှားဝေါလ်ကုမ္ပဏီတို့မှ ပါဝင်ပတ်သက်နေသည်ဟုလည်း ဆိုပါသေးသည်။ ။ပြည်သူလူထုကိုလုပ်ငန်းနှင့်ပတ်သက်၍ပွင့် လင်းမြင်သာစွာချပြခြင်းမရှိပါ။မြေယာဆုံးရှုံးခြင်း၊လေထုညစ်ညမ်းခြင်းကြောင့်ကျန်းမာရေးထိခိုက်သဖြင့် လွှတ်တော် ကိုယ်စားလှယ်ထံတင်ပြထားခြင်း၊တိုင်ကြားထားခြင်းပြုလုပ်ထားသော်လည်း ယနေ့အထိ မည်သည့်ဖြေရှင်းမှုမျှ ပြုလုပ်ပေးခြင်း မရှိသေးပါဟု ဦးစောအားသော်မှ သတင်းပို့ ပါသည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ
- ရှမ်း ပြည်နယ်(မြောက်)
- နမ္မတူမြို့နယ်
- ဟာလင်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
စက်ရုံစတင်လည်ပတ်သည့်အချိန်မှယနေ့ထိ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း၊တရုတ်၊ကချင်၊တအာင်း
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
ဟာလင်းနှင့်ပတ်ဝန်းကျင်ရှိကျေးရွာသူ/သားများ
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
ဝင်းမြင့်မိုရ်စက်ရုံ