ဓါးမဦးချမြေအား ပုံစံ (၇)လျှောက်သော်လည်း ကြံ့ကြာနေဆဲ၊ မော်မာကျေးရွာအုပ်စု၊ ကျောက်မဲမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

Confirmation Status : Reported
October 10, 2020

ဓါးမဦးချမြေအား ပုံစံ (၇)လျှောက်သော်လည်း ကြံ့ကြာနေဆဲ၊ မော်မာကျေးရွာအုပ်စု၊ ကျောက်မဲမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မော်မာအုပ်စုနေ ကျေးရွာသားများသည် စီမံကိန်းများ ဝင်ရောက်မည်ကို စိုးရိမ်သဖြင့် မိမိတို့ ဓါးမဦးချလုပ်ကိုင်နေသည့် မြေယာများကို ပုံစံ(၇) လျှောက်ထားသော်လည်း မရရှိဘဲ ဖြစ်နေသဖြင့် ရွာသူ၊ ရွာသားများ စိုးရိမ်မှုများ ရှိနေတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကျောက်မဲမြို့နယ်၊ မော်မာအုပ်စုအတွင်းရှိ ကျေးရွာအားလုံးနီးပါး လုပ်ကိုင်ဆောင်ရွက်နေသော မြေယာများသည် ဓားမဦးချလုပ်ကိုင်လာသော မြေယာများဖြစ်သည့်အတွက် လယ်ယာမြေလုပ်စားပိုင်ခွင့် ပုံစံ(၇) မရှိကြပေ။ သက်ဆိုင်ရာအစိုးရဌာနအနေဖြင့် ပုံစံ(၇) လျှောက်ထားနိုင်ရန် လုပ်ကိုင်ဆောင်ရွက်ပေးခြင်းမျိုးများ မရှိခြင်းနှင့် လျှေုာက်ထားသူများလည်း မရရှိခြင်းကြောင့် မိမိတို့အနေဖြင့် ပုံစံ(၇) ရှိမှ ရရှိသည့် အကျိုးခံစားခွင့်များ ဆုံးရှုံးနေရသည့်အပြင် မိမိတို့ပိုင်မြေများကို စီမံကိန်းများဝင်ရောက်လာပြီး ဆုံးရှုံးမှုများကြုံတွေ့ရမည်ကို စိုးရိမ်ပူပန်မှုများ ခံစားနေရကြောင်း ဒေသခံများက ဆိုပါသည်။ မိမိတို့ကျေးရွာသားများအနေဖြင့် တန်းတူခံစားခွင့်များ ရရှိကြရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများမှ လုပ်ကိုင်ဆောင်ရွက်ပေးစေလိုပါကြောင်းလည်း ပြောပါတယ်။

မြေယာကဏ္ဍ

  • ရှမ်း ပြည်နယ်(မြောက်)
  • ကျောက်မဲမြို့နယ်
  • မော်မာကျေးရွာအုပ်စု

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

ပုံစံ(၇)လျှောက်ထားခြင်းကာလမရှိ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

တောင်သူအားလုံး

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကိုယ်ပိုင်စွန့်ဉီးတီထွင်လုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ဒေသခံတောင်သူအားလုံးနှင့်မြေစာရင်းဌာန

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ