စစ်ပွဲကြောင့် ပြောင်းရွှေ့နေထိုင်နေသည့် နေရာအား ရွာမြေအဖြစ် တရားဝင်သတ်မှတ်ပေးရေး တောင်းဆို၊ နောင်အန်းကျေးရွာ၊ ချောင်းချက်ကျေးရွာအုပ်စု၊ ကျောက်မဲမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ချောင်းချက်ကျေးရွာအုပ်စု၊ နောင်အန်းကျေးရွာသည် ၁၉၇ဝ ခုနှစ်တွင် စစ်ပွဲပဋိပက္ခများကြောင့်ယခင်ရွာဟောင်းမှတစ်မိုင်ခန့်ကွာဝေးသည့်ပြည်ထောင်စုလမ်းမကြီးဘေးသို့ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။ ယခုနေထိုင်နေသည့်ရွာမြေနေရာသည်လက်ရှိ တွင်သစ်တောဦးစီးဌာနမှစီမံခန့်ခွဲခွင့်ရှိသည့်သိမ်လုံသစ်တောကြိုးဝိုင်းနယ်နိမိတ်ထဲတွင်ပါ ဝင်နေပါတယ်။ ထို့ကြောင့်ကျေးရွာသူ၊ကျေးရွာသားများအနေဖြင့်တရားဝင်စာထွက်ထားခြင်းမရှိသေးသော်လည်းသက်ဆိုင်ရာမှ ရထားလမ်းစီမံကိန်းစတင်လာလျှင်ရွာလုံးကျွတ်ပြောင်းရွှေ့ပေးရန်ပြောကြားလာသည့်အတွက်ရွာသားများအနေဖြင့်စိုးရိမ်ပူပန်မှုများရှိနေခြင်းကြောင့် လည်းကောင်း လက်ရှိသစ်တောကြိုးဝိုင်းနေရာတွင်လည်းသစ်ပင်များပေါက်ရောက်နေခြင်း မရှိသည့်အတွက် လည်းကောင်း လက်ရှိကျေးရွာနေရာကို ရွာပိုင်မြေအဖြစ်သတ်မှတ်ပေး စေလိုကြပါတယ်လို့ ၎င်းတို့ပြောပြချက်အရ သိရပါတယ်။
မြေယာကဏ္ဍ
- ရှမ်း ပြည်နယ်(မြောက်)
- ကျောက်မဲမြို့နယ်
- နောင်အန်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၁၉၇၀ ခုနှစ်မှစတင်
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
ရွာရှိအိမ်ထောင်စုအားလုံး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကိုယ်ပိုင်စွန့်ဉီးတီထွင်လုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
စစ်ပွဲပဋိပက္ခများ