သစ်တောကြိုးဝိုင်းနယ်နိမိတ်အတွင်း ဓါးမဦးချ မြေယာများ ပုံစံ(၇) လျှောက်သော်လည်း မရဖြစ်နေ၊ မန်ဆိုင်းကျေးရွာ၊ ကျောက်မဲမြို့
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ချောင်းချက်ကျေးရွာအုပ်စု၊မန်ဆိုင်းကျေးရွာသူ၊ကျေးရွာသားများသည် (၁၉၇၈)ခုနှစ်တွင် စစ်ပွဲပဋိပက္ခ အခြေအနေများကြောင့်ဓားမဦးချလုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့်လယ်ယာများကိုစွန့်ခွာ၍ယခုလက်ရှိနေထိုင်သည့်မန်ဆိုင်းကျေးရွာသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ သို့သော်လည်း ယခင်ရွာဟောင်းမှ လယ်ယာမြေများကိုပင် ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ကျေးရွာသားများ လုပ်ကိုင်ဆောင်ရွက်နေသည့်လယ်ယာမြေများတွင် စီမံကိန်းများဝင်ရောက်လာပါကဆုံးရှုံးမှုများမဖြစ်လိုသည့်အတွက်မြေစာရင်းဌာနသို့ပုံစံ(၇)ရရှိရန် လွန်ခဲ့သည့် (၁၀)နှစ်ခန့်က လျှောက်ထားခဲ့သော်လည်း ယနေ့တိုင်ပုံစံ(၇)မရရှိသေးကြောင်း ကျေးရွာသားများမှ ပြောပါတယ်။ ထိုသို့မရရှိခြင်းမှာ မြေစာရင်းမှစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေမဟုတ်ဘဲ သစ်တောဦးစီးဌာနလက်အောက်ရှိသစ်တောကြိုးဝိုင်းနယ်မြေအတွင်း(လက်ရှိတွင်သစ်ပင်များလုံးဝပေါက်ရောက်နေခြင်းမရှိပေ)ကျရောက်နေခြင်းကြောင့်ဖြစ်သည်ဟု ထင်ကြောင်း ပြောပါတယ်။ ကျေးရွာသူ၊ကျေးရွာသားများ အနေဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့်မြေများမဆုံးရှုံးစေရန်အတွက်ခိုင်မာသောအထောက်အထားများလိုချင်နေတယ်လို့ ဆိုပါတယ်။
မြေယာကဏ္ဍ
- ရှမ်း ပြည်နယ်(မြောက်)
- ကျောက်မဲမြို့နယ်
- မန်ဆိုင်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
1978 ခုနှစ် မှ ယခုထိ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း၊ အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
တောင်သူအများစု-
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း
အဓိကပါဝင်ပတ်သက်သူ
မြေစာရင်းဌာနနှင့်သစ်တောဦးစီဌာန