ကျိုက်ထီးရိုးတောင်၊ အမှိုက်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာ
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ၊ ကျိုက်ထီးရိုးရင်ပြင်မှစ၍ တောင်ပတ်လည်တွင် ဟိုတယ်၊စားသောက်ဆိုင်၊ ဘုရားဖူးဧည့်သည်များ၏ အမှိုက်စနစ်တကျမပစ်မှုကြောင့် ချောင်း၊ မြောင်းပိတ်ဆို့မှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်နေတယ်လို့ ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်တော်ရင်ပြင်နှင့် တောင်ပတ်လည်တွင် ဟိုတယ်၊စားသောက်ဆိုင်၊ ဘုရားဖူးဧည့်သည်များမှ အမှိုက်များကို စနစ်တကျ စွန့်ပစ်မှုမရှိကြောင်း သိရပါတယ်။ အမှိုက်စနစ်တကျမပစ်မှုကြောင့် ယခုအခါ ချောင်းများပိတ်ဆို့ခြင်း၊ မိုးရာသီတွင် ရွာများသို့ ရေဝင်ရောက်ခြင်း၊ အမှိုက်များကြောင့် အနံ့ဆိုးများထွက်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိသည့်အတွက် လမ်းများ ပျက်စီးလာခြင်းများ ကြုံတွေ့နေရတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုကဏ္ဍ
- မွန်ပြည်နယ်
- ကျိုက်ထိုမြို့နယ်
- ကျိုက်ထီးရိုး ဘုရားပတ်ဝန်းကျင်
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၉
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၁၀၀၀ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ကျိုက်ထီးရိုးရင်ပြင်မှစ၍ တောင်ပတ်လည်တွင် ဟိုတယ်၊စားသောက်ဆိုင်၊ ဘုရားဖူးဧည့်သည်များ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
သက်ဆိုင်ရာ ဌာနများနှင့် ရပ်ရွာပြည်သူလူထုပူးပေါင်းပြီး အမှိုက်သိမ်းစနစ်၊ ရေမြောင်းစနစ်၊အသိပညာပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါသည်။