သစ်တောများ ပြုန်းတီး၍ တောင်ပြိုကာ နေအိမ်များ ပြိုကျ၊ ရေငံကြီးကျေးရွာ၊ ရွှေဂဲညိုကျေးရွာ၊ ဟန်ကချင်းကျေးရွာ နှင့် ကွန်တောင်ကျေးရွာများ ဘုတ်ပြင်းမြို့နယ်၊၊ တနင်္သာရီတိုင်း ဒေသကြီး

Confirmation Status : Reported
October 9, 2020

သစ်တောများ ပြုန်းတီး၍ တောင်ပြိုကာ နေအိမ်များ ပြိုကျ၊ ရေငံကြီးကျေးရွာ၊ ရွှေဂဲညိုကျေးရွာ၊ ဟန်ကချင်းကျေးရွာ နှင့် ကွန်တောင်ကျေးရွာများ ဘုတ်ပြင်းမြို့နယ်၊၊ တနင်္သာရီတိုင်း ဒေသကြီး

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးရွာ၊ ရွှေဂဲညိုကျေးရွာ၊ ဟန်ကချင်းကျေးရွာ နှင့် ကွန်တောင်ကျေးရွာများတွင် ၂၀၁၉ ခုနှစ်က သစ်တောသစ်ပင်များ ပြုန်းတီးမှုကြောင့် တောင်များပြိုကာ နေအိမ်ပြိုကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာ၊ ရွှေဂဲညိုကျေးရွာ၊ ဟန်ကချင်းကျေးရွာ နှင့် ကွန်တောင်ကျေးရွာများသည် ပင်လယ်ကမ်းစပ်ရွာများ ဖြစ်သောကြောင့် ဒီရေတောများတွင်ထင်းခုတ်၊ မီးသွေးဖုတ်ခြင်း၊ ငါးဖမ်း ကဏန်းဖမ်းခြင်းတို့ လုပ်ကိုင်ကြကာ သဘာဝဂျင်းနီကုန်းရှိပြီး ဂျင်းကောက်ရောင်း/ဝယ်ကြခြင်းများလည်း လုပ်ကြသည်ဟု သိရှိရပါတယ်။ ဥယျာဉ်ခြံများ စိုက်ပျိုးခြင်း လုပ်ငန်းများဖြင့်အသက်မွေးဝမ်းကြောင်း ပြုသောရွာများဖြစ်ကြောင်း ဒေသခံများမှ ဆိုပါတယ်။ ရေငံကြီးကျေးရွာတွင် ၂၀၁၉ ခုနှစ်၌ သစ်တောများပြုန်းတီးခြင်း၏ အကျိုးဆက်အားဖြင့် တောင်များပြိုပြီး နေအိမ်ပြိုကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းနှင့် ဒေသခံများမှ သစ်တောသစ်ပင်များကို ထိန်းသိမ်းရန်အတွက်အစုအဖွဲ့ပိုင်သစ်တော တည်ထောင်လိုကြောင်း သိရှိရပါတယ်။

သစ်တောနှင့် တောရိုင်းတိရိစ္ဆာန် ကဏ္ဍ

  • တနင်္သာရီတိုင်းဒေသကြီး
  • ဘုတ်ပြင်းမြို့နယ်
  • ရေငံကြီးကျေးရွာ၊ ရွှေဂဲညိုကျေးရွာ၊ ဟန်ကချင်းကျေးရွာ နှင့် ကွန်တောင်ကျေးရွာများ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၉

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၂၀ဝ ခန့်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ဒေသခံများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သစ်တောသစ်ပင်များကို ထိန်းသိမ်းရန်အတွက် အစုအဖွဲ့ပိုင်သစ်တောတည်ထောင်လျှင် အဆင်ပြေနိုင်ပါသည်။