တရုတ်ဓါတ်ငွေ့ပိုက်လိုင်း၊ BRI နှင့် ဒေသခံများ၏ လယ်ယာမြေအနာဂါတ်၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲခရိုင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

Confirmation Status : Reported
October 9, 2020

တရုတ်ဓါတ်ငွေ့ပိုက်လိုင်း၊ BRI နှင့် ဒေသခံများ၏ လယ်ယာမြေအနာဂါတ်၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲခရိုင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်ရှိ ကျေးရွာအချို့တွင် လယ်ယာမြေများပေါ်၌ တရုတ် ဓါတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ခဲ့သော်လည်း ပုံစံ (၇) မရှိသဖြင့် လျော်ကြေးမရရှိခဲ့သည့်အပြင် ယခု BRI စီမံကိန်းကြောင့်လည်း ဒေသခံများမှ ထိုသို့ဆက်ဖြစ်မည်ကို စိုးရိမ်နေကြောင်း ဒေသခံအဆိုအရ သိရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ကျောက်မဲမြို့နယ်၊ (နားမခေါ်ကျေးရွာအုပ်စု၊ဗူးခါးကျေးရွာ)၊(မန်ကျောင်ကျေးရွာအုပ်စု၊ဟဲပုကျေးရွာ)၊(နားပိန်းကျေးရွာအုပ်စု၊နားပုံကျေးရွာ)တို့တွင်ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများကိုပုံစံ(၇)ရရှိရန်အကြိမ်ကြိမ်လျှောက်ထားသော်လည်း လျစ်လျူရှုခြင်းခံခဲ့ကြရကြောင်း၊ သက်ဆိုင်ရာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှလည်းဆောင်ရွက်ပေးခြင်းများမရှိခဲ့ကြောင်း သတင်းပို့သူမှ ဆိုပါတယ်။ ထိုလယ်ယာမြေများပေါ်တွင်တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းဖောက်လုပ်ထားခြင်း၊ယခုဆောင်ရွက်မည့်(BRI)ရထားလမ်းစီမံကိန်းသည်လည်းဖြတ်သန်းသွားမည်ဟု သိရသဖြင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေတယ်လို့ ဆိုပါတယ်။ ။တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းဖောက် လုပ်စဉ်က ကျေးရွာသူ၊ကျေးရွာသားများ၏ လယ်ယာ မြေများသည်ပုံစံ(၇)မရှိသည့်အတွက်နစ်နာကြေး၊လျော်ကြေးများဆုံးရှုံးနစ်နာခဲ့ကြရပါတယ် ။ထို့ကိစ္စနှင့်ပတ်သက်၍ကျေးရွာသားများသည်မြို့နယ်မြေယာစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်ထံတင်ပြခဲ့သော်လည်းဆောင်ရွက်ပေးခြင်းမရှိသောကြောင့် မြေယာလုံခြုံရေးနှင့်တောင်သူလယ်သမားများ၏အခွင့်အရေးများဆုံးရှုံးနေကြရပါတယ်လို့
၁။ဦးမောင်ညွန့်

ဗူးခါးကျေးရွာ

ကျောက်မဲမြို့နယ်

၂။ဦးအောင်ချစ်

ဟဲပုကျေးရွာ

ကျောက်မဲမြို့နယ်။

၃။နားပုံကျေးရွာသူ/သားများ

နားပုံကျေးရွာ

ကျောက်မဲမြို့နယ်တို့မှ ဆိုပါတယ်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ

  • ရှမ်း ပြည်နယ်(မြောက်)
  • ကျောက်မဲမြို့နယ်
  • ဗူးခါး၊ဟဲပုနှင့်နားပုံကျေးရွာများ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၂_၂၀၂ဝ ထိဖြစ်နေဆဲ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

ဗူးခါး၊ဟဲပုနှင့်နားပုံကျေးရွာများမှတောင်သူများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကိုယ်ပိုင်စွန့်ဉီးတီထွင်လုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

မြေစာရင်း

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ထို့ကြောင့်လယ်ယာမြေကိုကာကွယ်ပေးသည့်လယ်ယာမြေဥပဒေကိုပြဌာန်းပေးရန်လိုအပ်ပြီး ပုံစံ (၇) ချပေးမှု မြန်ဆန်အောင် လုပ်သင့်ပါသည်။