ဆီအုန်းစိုက်ခင်းများနှင့် ကျောက်မိုင်းများကြောင့် တနင်္သာရီမြို့နယ် ကျေးရွာအချို့တွင် သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးကာ၊ ရေအရင်းအမြစ်များ ပျက်စီးနေ

Confirmation Status : Reported
October 9, 2020

ဆီအုန်းစိုက်ခင်းများနှင့် ကျောက်မိုင်းများကြောင့် တနင်္သာရီမြို့နယ် ကျေးရွာအချို့တွင် သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးကာ၊ ရေအရင်းအမြစ်များ ပျက်စီးနေ

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာ၊ သိန်းခွန်းကျေးရွာနှင့် သိန္ဒောကျေးရွာတို့တွင် ကုမ္ပဏီများ၏ ဆီအုန်းစိုက်ခင်းများ၊ ကျောက်မိုင်းများ၊ သစ်ထုတ်မှုများနှင့် ဒေသခံများမှ ဥယျာဉ်ခြံမြေများတိုးချဲ့ခြင်းများကြောင့် သစ်တောသစ်ပင် ဇီဝမျိုးစုံမျိုးကွဲများ ရှားပါးလာကာ ရေအရင်းအမြစ်များ ပျက်စီးနေတယ်လို့ ဒေသခံများက ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာ ငဝန်ချောင်းတစ်လျှောက် နှင့် သိန်ခွန်းကျေးရွာတို့တွင် ၂၀၁ရ ခုနှစ်မှစတင်၍ သဘာဝသစ်တောသစ်ပင်များပျက်စီးလာခြင်း၊ ဆီအုန်းကုမ္ပဏီများမှ ဒေသ ပေါက်ပင်များအားခုတ်လှဲ၍ ဆီအုန်းသီးခြားစိုက်ပျိုးလာခြင်း၊ ကျောက်မိုင်းများတူးဖော်ထုတ်လုပ်ခြင်း၊ ဒေသခံတောင်သူများမှ ဥယျာဉ်ခြံများပြုလုပ်ခြင်း၊ သစ်ထုတ်ကုမ္ပဏီများမှ သစ်ထုတ်ပြီးအပင်ပြန်လည် စိုက်ပျိုးမှုမရှိခြင်းတို့ကြောင့် သဘာဝသစ်တော အင်းအိုင်များတိမ်ကောပျက်စီးလာကာ၊ ရာသီဥတုယခင်ကထက် ပိုမိုပူပြင်းလာတယ်လို့ ဆိုပါတယ်။ ထို့အပြင် တိရစာ္ဆန်နှင့်လူများအတွက် သောက်သုံးရေရှားပါးလာခြင်း၊ ရေနေသတ္တဝါများရှားပါးလာခြင်း၊ မိုးရာသီတွင် ်ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ သီးနှံပင်များရေအလုံအလောက် မရသည့်အတွက် သေဆုံးခြင်းများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

သစ်တောနှင့် တောရိုင်းတိရိစ္ဆာန် ကဏ္ဍ

  • တနင်္သာရီတိုင်းဒေသကြီး
  • တနင်္သာရီ မြို့နယ်
  • ချောင်းလမုကျေးရွာ၊ သိန်ခွန်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၁၇

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ကရင်၊ ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

ဆီအုန်းကုမ္ပဏီများ၊ ဒေသခံတောင်သူများ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

ဒေသခံလူထုအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဆိုင်သော ဗဟုသုတများတိုးပွားစေရန် သင်တန်းများပေးခြင်း၊ အမြင်ဖွင့်ဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးသင့်ပြီး ကုမ္ပဏီများအား အစိုးရမှစနစ်တကျထိန်းကြောင်းနိုင်ရန်များစွာ အရေးကြီးလိုအပ်နေကြောင်း အကြံပြုတင်ပြအပ်ပါသည်။