ဆီအုန်းစိုက်ခင်းများနှင့် မြေယာပဋိပက္ခ၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာ၊ အေးသာယာကျေးရွာ၊ တာပလပ်ကျေးရွာများတွင် ဆီအုန်း ကုမ္ပဏီများ (ထူး၊ အင်ထို၊ ရွှေကမ္ဘောဇ၊ ကျော်မော် ၁၉) များဝင်ရောက်လာခြင်းကြောင့် ဒေသခံတောင်သူများပိုင်ဆိုင်သည့် ဥယျာဉ်ခြံမြေများဆုံးရှုံးပြီး ဒေသခံများနှင့် ကုမ္ပဏီအကြားမြေယာ ပြဿနာများဖြစ်ပေါ်လျှက်ရှိတယ်လို့ ဒေသခံများက ဆိုပါတယ်။
အစိုးရဌာနဆိုင်ရာများမှ ထိရောက်စွာကိုင်တွက်ဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် တောင်သူများနှင့် ကုမ္ပဏီအကြားဖြစ်ပေါ်နေသော ပဋိပက္ခများ ပိုမိုကြီးထွားလာနေပြီး တောင်သူများမှာလည်း စိုးရိမ်ပူပန်နေကြပါတယ်။၊ မိမိတို့ လုပ်ကိုင်သည့်ဥယျာဉ်ခြံမြေများကို အချိန်မီမလုပ်ဆောင်နိုင်ခြင်းအပြင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တောင်သူများသည် အဆိုပါဆီအုန်းကုမ္ပဏီများကို မိမိတို့ဒေသတွင်အလိုမရှိဘဲ တောင်သူပိုင်ဆိုင်သော ဥယျာဉ်ခြံများကို ပိုင်ဆိုင်မှုအထောက်အထားခိုင်မာစွာ ပြုလုပ်ပေးစေလိုသည့် သဘောဆန္ဒများရှိနေကြတယ်လို့ သိရပါတယ်။
မြေယာကဏ္ဍ
- တနင်္သာရီတိုင်းဒေသကြီး
- တနင်္သာရီမြို့နယ်
- ချောင်းမလုကျေးရွာ၊ အေးသာယာကျေးရွာ၊ တာပလပ်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၈
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ကရင်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
–
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ဆီအုန်းကုမ္ပဏီများ (ထူး၊ အင်ထို၊ ရွှေကမ္ဘောဇ၊ ကျော်မော် ၁၉)