နွေရာသီတိုင်းရေခမ်းကာ အိမ်သုံးရေပြတ်၊ ကုန်းညောင်ကျေးရွာ၊ သိန္နီမြို့နယ်
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကုန်းညောင်ကျေးရွာသည် နှစ်စဉ်နွေရာသီဖြစ်သော တပေါင်း၊တန်ခူး၊ကဆုန်လများတွင် သောက်သုံးရေ ရှားပါးမှုကြောင့်ကုန်းညောင်ရွာနှင့်(၁)မိုင်ဝေးသောနမ့်မော်ပန်သို့လည်း ကောင်း၊ (၂)မိုင်ဝေးသောပိန်းဆာရွာ သို့ လည်းကောင်း သွားရောက်ကာရေခပ်ကြရတယ်လို့ သိရပါတယ်။
ထိုသို့ရေခက်ခဲရခြင်းမှာ ကျေးရွာတွင် ရေချောင်းများမရှိခြင်း၊ရိုးရာနည်းပညာဖြင့်တူးထားသော ရေတွင်းများသာရှိ၍ ထိုရေတွင်းများသည်လည်း နွေရာသီတွင်ရေများခမ်းခြောက်လာခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ကြောင့်ရိုးရာရေတွင်းများအစား စက်ကြီးများဖြင့်တူးသော အဝီစိရေတွင်း တူးဖော်ရန်အတွက်လွှတ်တော်ရန်ပုံငွေသုံးစွဲခွင့်ပြုရန် တင်ပြသော်လည်း ရန်ပုံငွေမလုံလောက်ခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းသို့တင်ပြကာ ကျေးရွာမှ ငွေစုသော်လည်း ကုန်ကျစရိတ်များသောကြောင့် ငွေမလုံလောက်ခြင်းများကြောင့်နွေရာသီရောက်တိုင်း ကုန်းညောင်ကျေးရွာသည်သောက်သုံးရေရှားပါးသည့်ဒဏ်ကိုခံနေရခြင်းဖြစ်တယ်လို့ ကျေးရွာဒေသခံများက ဆိုပါတယ်။
ရေအရင်းအမြစ်ကဏ္ဍ
- ရှမ်းပြည်နယ်(မြောက်)
- သိန္နီမြို့နယ်
- ကုန်းညောင်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
နှစ်စဉ် တန်ခုး၊ ကဆုန်
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၈၇
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ကျေးရွာတွင်ရေချောင်းများမရှိခြင်းကြောင့်