လျှပ်စစ်မီးမရသောကြောင့် ထင်းသာသုံးရသဖြင့် သစ်တောများ ပြုန်းတီးနေ၊ မိုင်းယန်းကျေးရွာ၊ သိန္နီမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ မိုင်းယန်းကျေးရွာတွင်လျှပ်စစ်မီးမရရှိသည့်အတွက် ကျေးရွာသူ၊ကျေးရွာသားများသည် ဆိုလာမီးနှင့်ဘက္ထရီမီးများကိုသာ အားထားနေရပါသည်။ ချက်ပြုတ်ရာတွင်ထင်းကိုသာ အဓိကထား သုံးစွဲနေရခြင်းကြောင့် သစ်တောများပြုန်းတီးမှုများ ရှိနေပါတယ်။
ထို့ကြောင့် မိုင်းယန်းကျေးရွာတွင် လျှပ်စစ်မီးရရှိစေရန်အတွက်ကျေးရွာအုပ်ချုပ်ရေးမှူးမှမြို့နယ်အုပ်ချုပ်ရေးမှူးသို့လည်းကောင်း၊လွှတ်တော်အမတ်များထံသို့လည်းကောင်းတင်ပြဆွေးနွေးထားပါ ကြောင်း ဒေသခံများ အဆိုအရ သိရပါတယ်။
သို့သော်လည်း မိုင်းယန်း ကျေးရွာသည်မြို့နှင့်ဝေးကွာသောကြောင့်ကျေးရွာလူထု အင်အားဖြင့် မီးတိုင်၊မီးကြိုး၊ကြွေသီး၊ ထရန်စဖော်မာစသည့် ပစ္စည်းများအတွက် ကုန်ကျစရိတ်မတတ်နိုင်သည့် အခက်အခဲများရှိနေပါတယ်လို့ တင်ပြသူများမှ ဆိုပါသည်။
စွမ်းအင်ကဏ္ဍ
- ရှမ်းပြည်နယ်(မြောက်)
- သိန္နီမြို့နယ်
- မိုင်းယန်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
–
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, ကလေးသူငယ်, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၃၂၄
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်လွှတ်တော်အမတ်များ