မြန်မာ့သစ်လုပ်ငန်းမှ (နောင်အမ်) သစ်ဆိပ်သစ်များပုံရန် ငှားရမ်းခဲ့သည့်မြေ ပြန်ပေးခြင်းမရှိသေး၊ နောင်အန်ကျေးရွာ၊ သီပေါ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
သီပေါမြို့နယ်၊နောင်အန်ကျေးရွာတွင်(၁၉၆၀)ခုနှစ်ကတည်းကဓါးမဦးချထွန်ယက်စိုက်ပျိုး လာသောလယ်မြေကို(၁၉၉၀)ခုနှစ်တွင်မြန်မာ့သစ်ထုတ်လုပ်ရေးမှဖမ်းဆီးသစ်များအား ထားရှိရန်အတွက် လယ်ပိုင်ရှင်ဦဒေဝိန်ထံမှ ငှါးရမ်းခဲ့ပါသည် ။ထိုစဉ်က သစ်ထုတ်လုပ်ရေးပြီးဆုံးသွားပါကပိုင်ရှင်ဦးဒေဝိန်အားပြန်လည်ပေးပါမည်ဟုသစ်ထုတ်လုပ်ရေးမန်နေဂျာဦးစိန်ဖေမှပြောကြားခဲ့ပြီး ယခုအချိန်ထိပြန်လည်ပေးအပ်ခြင်းမရှိသေးဟု ဦးဒေဝိန်က ဆိုပါသည်။
သို့ပါသောကြောင့်(၁၁.၁.၂၀၂၀)နေ့တွင်ဌာနပေါင်းစုံအစည်းဝေး၌ ဦးဒေဝိန်မှ တင်ပြရာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစန်းစန်းအေးမှခဏစောင့်ကြည့်ပေးရန်နှင့်အထွေထွေအုပ်ချုပ်ရေးမှူးဦးကျော်ဇေယျ(ပြောင်းရွှေ့)မှလေးပုံတစ်ပုံပြန်ပေးမည်ဟုပြောကြားရာ လယ်ပိုင်ရှင်ဦးဒေဝိန်မှ လက်မခံခဲ့ပေ။အဆိုပါပြဿနာကြောင့်လယ်ပိုင်ရှင်ဦးဒေဝိန်သည်အခက်အခဲများဖြစ်နေပါကြောင်း ဦးဒေဝိန်ပြောကြားချက်အရ သိရပါသည်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- ရှမ်းပြည်နယ်(မြောက်)
- သီပေါမြို့နယ်
- နောင်အန်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၁၉၉ဝ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း၊ ဂေါ်ရခါး
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
အိမ်ထောင်စု(၁)စု
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
မြန်မာ့သစ်ထုတ်လုပ်ရေး