အစုအဖွဲ့ပိုင်သစ်တောအဖွဲ့မှ စိုက်ပျိုးခင်းများ အဖျက်စီးခံရ၊ စံလောင်းကျေးရွာ၊ သီပေါ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကျောက်မဲခရိုင်၊သီပေါမြို့နယ်၊စံလောင်းကျေးရွာမှ ကျေးရွာသူ၊ကျေးရွာသားများ ပူးပေါင်းတည်ထောင်ထားသော ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ကို ကျောက်မဲခရိုင်သစ်တောဦးစီးမှူး၏ထောက်ခံမှုဖြင့်စံလောင်းကျေးရွာနမ္မကြိုးဝိုင်းအကွက်အတွင်းတွင် လက်မှတ်ချပေးထားတယ်လို့ သိရပါတယ်။
ထိုသစ်တောသည်အထက်ရွက်ပြတ်ရောနှောတောဖြစ်ကာအင်ကြင်း၊ရေမနေ၊ပိတောက်၊သစ်စေးကြို့နှင့်ဝါးအနည်းငယ်ရှိသောတောအမျိုးအစားဖြစ်ပါတယ်။ယခုအခါတွင်ရွှေ့ပြောင်းတောင်ယာတိုးချဲ့ခုတ်ထွန်ရှင်းလင်းလာမှုများကြောင့်ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ သစ်တောများ၊ အစုအဖွဲ့ပိုင်စိုက်ခင်းများပျက်စီးပျောက်ကွယ်ကာ အခြေခံသုံးသစ်၊ဝါး၊ထင်းရှားပါးလာ ခြင်းများ ဖြစ်လာနေတယ်လို့ သစ်တောအသုံးပြုသူများက ပြောပါတယ်။
ထိုသို့ဆက်လက်ခုတ်ထွင် ရှင်းလင်းနေပါက နောင်နှစ်မကြာမီတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးကာ ရာသီဥတုဖောက်ပြန်မှု၊သဘာဝဘေးအန္ထရာယ်များကျရောက်လာနိုင်မှု၊ရေတိုက်စားမှု၊မြေပြိုမှုများဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ထို့ကြောင့်သစ်တောဦးစီးဌာနနှင့်လွှတ်တော်ကိုယ်စားလှယ်ရုံးသို့တင်ပြသွားရန်ပြင်ဆင်ထား လျှက်ရှိကြောင်း ဦးမြသန်း၊ သစ်တောအသုံးပြုသူများအဖွဲ့၏ ပြောကြားချက်အရ သိရပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- ရှမ်းပြည်နယ်(မြောက်)
- သီပေါမြို့နယ်
- စံလောင်းကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁ဝ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း၊ ဗမာ၊ ဝ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
စံလောင်းကျေးရွာသူ/ သားအားလုံး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ဒေသခံရွာသူ/သားများ