ဂေါ်ဒန်ကျောက် စီမံကိန်းကြောင့် လယ်များ အသိမ်းခံရ၊ သီပေါ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

Confirmation Status : Reported
October 8, 2020

ဂေါ်ဒန်ကျောက် စီမံကိန်းကြောင့် လယ်များ အသိမ်းခံရ၊ သီပေါ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါတွင် ဂေါ်ဒန်ကျောက်စီမံကိန်းလုပ်ဆောင်ရန် အတွက် ကျေးရွာသားများပိုင် လယ်ဧက(၁၀၀.၃၉၈)ကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ၂၀၀၁ ခုနှစ်ကတည်းက သိမ်းယူထားတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ကျောက်မဲခရိုင်၊သီပေါမြို့နယ်၊မိုးတေအုပ်စု၊နောင်သကြား၊မန်ကောင်း၊ကုန်းရမ်းနှင့်ပြိန်းဆိုင်ကျေးရွာများ နေတောင်သူလယ်သမား(၄၉)ဦး၏ လယ်မြေ(၃၀.၅၂)ဧကနှင့် ယာမြေ (၆၉.၈၇၈) ဧက စုစုပေါင်း(၁၀၀.၃၉၈) ဧကကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) မှ (၂၀၀၁)ခုနှစ်တွင် သိမ်းဆည်းခဲပြီး ၂၀၀၅ခုနှစ်တွင်(MEC)မှတောင်သူ(၁၁)ဦးကိုခေါ်၍လယ်တစ်ဧကလျှင် (၅၀၀၀၀)ကျပ်နှုံးဖြင့် လျော်ကြေးပေးခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။

ထိုပေးထားသောငွေကြေးအားလက်ခံသည်ဖြစ်စေ၊လက်မခံသည်ဖြစ်စေ စီမံကိန်းလုပ်ငန်းကို ဆက်လက်အကောင်ထည် ဖော်သွားမည်ဖြစ်ကြောင်းကိုMECမှ တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့ပါကြောင်းနှင့် တောင်သူများမှ မကျေနပ်သည့် အတွက်(၁၀.၁၀.၂၀၁၄)ခုနှစ်တွင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့လည်းကောင်း၊ (၂၃.၇.၂၀၁၅) ခုနှစ်တွင်ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးရဲထွန်းထံသို့လည်းကောင်း တိုင်ကြားတင်ပြခဲ့ပါတယ်။ သက်သေများအဖြစ် လွှတ်တော်ကိုယ်စားလှယ်ရုံး၊ သီပေါမြို့နယ်၊ ရှမ်းပြည်နယ်၊ စာအမှတ်ပြင်ပ/သမ-၁/၂၀၁ရစ်၊ ၂ဝ၁ရခုနှစ်၊မတ်လ(၂)ရက် ရက်စွဲပါစာဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းထံတွင် တိုင်ကြားစာများရှိပါတယ်လို့ မန်ကောင်းကျေးရွာသားများ၏ အဆိုအရ သိရပါတယ်။

သတ္တုတွင်းကဏ္ဍ

  • ရှမ်းပြည်နယ်(မြောက်)
  • သီပေါမြို့နယ်
  • နောင်သကြား၊မန်ကောင်း၊ကုန်းရမ်းနှင့်ပြိန်းဆိုင်ကျေးရွာများ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၀၁

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း၊တအာင်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၄၉

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကိုယ်ပိုင်စွန့်ဉီးတီထွင်လုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

MEC ကုမ္ပဏီ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာမှ တရားဝင် ကွင်းဆင်းစစ်ဆေးသင့်ပါသည်။