သစ်တောကြိုးဝိုင်းဖွဲ့စည်းရာတွင် ဒေသခံများ၏ ဥယျာဉ်ခြံမြေများပါဝင်သွား၊ မိချောင်းသိုက်ကျေးရွာ၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ပုလောမြို့နယ် မိချောင်းသိုက်ကျေးရွာတွင် သစ်တောဦးစီးဌာနမှ ရွာဧရိယာရှိ သစ်တောကို ကြိုးဝိုင်းအဖြစ် ဖွဲ့စည်းခဲ့သောကြောင့် အချို့ဥယျာဉ်ခြံမြေများ ပါသွားပြီး မြေယာပြဿနာများ ဖြစ်ပေါ်လျှက်ရှိတယ်လို့ ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ပုလောမြို့နယ် မိချောင်းသိုက်ကျေးရွာတွင် သစ်တောဦးစီးဌာနမှ ရွာဧရိယာရှိ သစ်တောကို ဒေသခံများနှင့် တိုင်ပင်မှုအားနည်းစွာဖြင့် ကြိုးဝိုင်းအဖြစ် ဖွဲ့စည်းခဲ့သောကြောင့် အဆိုပါသစ်တောအတွင်း စိုက်ပျိုးထားသော ဥယျာဉ်ခြံမြေဆုံးရှုံးခြင်းများ ဖြစ်ပေါ်ကာမြေယာပြဿနာများဖြစ်ပေါ်လျှက်ရှိကြောင်း ဒေသခံများက ဆိုပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- တနင်္သာရီတိုင်းဒေသကြီး
- ပုလောမြို့နယ်
- မိကျောင်းသိုက်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
–
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း. အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ဗမာ၊ ကရင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၉၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
သစ်တောဦးစီးဌာန
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
ကြိုးဝိုင်းသတ်မှတ်ရာတွင် ကျေးရွာသားများနှင့် တိုင်ပင်သင့်ပြီး ယခုကိစ္စတွင် သက်ဆိုင်ရာမှ ကွင်းဆင်းကာ မြေစာရင်းနှင့်ညှိနှိုင်းလုပ်ဆောင်ပေးသင့်။