ကျိုက်ထိုမြို့နယ်၊ ကဒိုင်ဒွတ် ကျေးရွာတွင် တရုတ်လုပ်ငန်းရှင်များ၏ ကျောက်မိုင်းများ ဝင်ရောက်လာခြင်း
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ကျိုက်ထိုမြို့နယ်၊ ကဒိုင်ဒွတ် ကျေးရွာတွင် တရုတ်လုပ်ငန်းရှင်များမှ ဒေသခံခြံပိုင်ရှင်များထံမှ မြေများဝယ်ယူပြီး ကျောက်မိုင်းလုပ်ငန်းများ လုပ်ကိုင်နေတယ်လို့ ဒေသခံများ ပြောကြားချက်အရ သိရပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ကျိုက်ထိုမြို့နယ်၊ ကဒိုင်ဒွတ် ကျေးရွာတွင် တရုတ်လုပ်ငန်းရှင်များမှ ဒေသခံခြံပိုင်ရှင်များထံမှ မြေများဝယ်ယူပြီး ကျောက်မိုင်းလုပ်ငန်းများကို ၂၀၁၇-၂၀၁၈ခုနှစ်များမှစတင်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ရွာသားများအနေဖြင့် ကျေးရွာနှင့် နီးသည့်အတွက် ကန့်ကွက်မှုများလည်း ရှိခဲ့ပါတယ်။
သတ္တုတွင်းကဏ္ဍ
- မွန်ပြည်နယ်
- ကျိုက်ထိုမြို့နယ်
- ကဒိုင်ဒွတ်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၇-၂၀၁၈ မှစတင်၍
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
မွန်၊ ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၂၈၃၇
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
ကျောက်မိုင်းလုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်များ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
သက်ဆိုင်ရာဌာနများမှ လုပ်ပိုင်ခွင့်ပေးလိုက်ကြောင်းကို ရွာသားများအား ကြိုတင်အသိပေးသင့်ပါသည်။