တရားမဝင်သစ်ထုတ်မှုများကြောင့် သစ်တောပြုန်းတီးပြီး ရာသီဥတုပြောင်းလဲမှုနှင့် ကြုံတွေ့နေရ၊ နန့်သီလာကျေးရွာ၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းသီလာကျေးရွာတွင် လွန်ခဲ့သော ၁၅ နှစ်ခန့်မှစ၍ တရားမဝင် သစ်ထုတ်လုပ်ခြင်းများကြောင့် သစ်တောများပျက်စီးပြုန်းတီးကာ အပူချိန်မြင့်မားလာခြင်း၊ မြစ်ချောင်းအင်းအိုင်များတိမ်ကောခြင်း၊ စားဝတ်နေရေးခက်ခဲလာခြင်း၊ အလုပ်ကိုင်အခွင့်အလမ်းများ နည်းပါးလာခြင်းစသည်တို့ကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ပုလောမြို့နယ်၊ နန်းသီလာကျေးရွာတွင် လွန်ခဲ့သော ၁၅ နှစ်ခန့်မှစ၍ တရားမဝင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ များပြားလာခြင်းကြောင့် သစ်တောများပျက်စီးပြုန်းတီးကာ အပူချိန်မြင့်မား လာခြင်း၊ မြစ်ချောင်းအင်းအိုင်များတိမ်ကောလာခြင်း၊ ဒေသခံများ သစ်တောထွက်ပစ္စည်းများ ရှားပါးလာသည့်အတွက် စားဝတ်နေရေးခက်ခဲလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာခြင်းစသည်တို့ကို ကြုံတွေ့နေရတယ်လို့ ဒေသခံများက ဆိုပါတယ်။
သစ်တောနှင့်တောရိုင်းတိရစ္ဆာန် ကဏ္ဍ
- တနင်္သာရီတိုင်းဒေသကြီး
- ပုလောမြို့နယ်
- နန်းသီလာကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၀၅ ခုနှစ်မှစ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ဗမာ၊ ကရင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၅၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
တရားမဝင် သစ်ထုတ်လုပ်သူများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
ကျေးရွာအစုအဖွဲ့ပိုင်သစ်တောထူထောင်ရန် လိုအပ်နေပြီး အစိုးရမှလည်း သစ်တော၊ စိုက်ပျိုးရေးနှင့် ပတ်သတ်ပြီး ပြည်သူကိုအသိပညာပေးခြင်း၊ ဥပဒေချိုးဖောက်သူများကို ထိရောက်စွာ အရေးယူခြင်းများလုပ်ဆောင်သင့်ပါသည်။