မိုးသီးမုန်တိုင်းကျကာ နေအိမ်များ ပြိုကျမှုဖြစ်ပွား၊ ပန်စောက်မိန်းကျေးရွာ၊ သီပေါမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း

Confirmation Status : Reported
October 8, 2020

မိုးသီးမုန်တိုင်းကျကာ နေအိမ်များ ပြိုကျမှုဖြစ်ပွား၊ ပန်စောက်မိန်းကျေးရွာ၊ သီပေါမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ပန်စောက်မိန်းကျေးရွာတွင် ၁လပိုင်း ၂၀၂ဝခုနှစ်က မိုးသီမုန်တိုင်းများကျကာ နေအိမ်များ ပြိုကျခဲ့ကြောင်း ဒေသခံများက ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

သီပေါမြို့နယ်၊ပန်စောက်မိန်းကျေးရွာတွင်(၁.၁.၂၀၂၀)နေ့ည(၉:၁၅)နာရီ၌အချိန်ခါမဟုတ်လေပြင်းမုန်တိုင်းနှင့်အတူမိုးသီးကြီးများကြွေကျခဲ့တယ်လို့ သိရပါတယ်။ ထိုလေပြင်းမုန်တိုင်းကြောင့်သီပေါမြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင်နေအိမ်များပြိုကျပျက်စီးမှုများရှိခဲ့ တယ်လို့ဆိုပါတယ်။

ရောဂါအခံရှိသူ ကျေးရွာသား တစ်ယောက်မှာ နေအိမ်ပြိုကျမှုကို မျက်ဝါးထင်ထင်တွေ့ရသဖြင့် ရုတ်တရက်လဲကျ သေဆုံးခဲ့ပါတယ်။ သီပေါမြို့နယ်မှ အခြားကျေးရွာများတွင် ထိုသို့ဆုံးရှုံးနစ်နာမှုများရှိလာပါကအခြားပြင်ပထောက်ပံ့မှုများရရှိခဲ့ပါသော်လည်း ပန်စောက်မိန်း ကျေးရွာတွင်မူ မည်သည့်ကူညီထောက်ပံ့မှုမှလက်ခံရရှိခဲ့ခြင်းမျိုးမရှိခဲ့ပါ။

ကျေးရွာအုပ်ချုပ်ရေးမှူးမှလည်း သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုပေးခြင်း မရှိခဲ့ဟု သိရပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာကျေးရွာအုပ်ချုပ်ရေးမှူး၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်ဖြစ်တယ်လို့ ရွာသူရွာသားများက ဆိုပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းမှု ကဏ္ဍ

  • ရှမ်းပြည်နယ်(မြောက်)
  • သီပေါမြို့နယ်
  • ပန်စောက်မိန်းကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၁/၁/၂၀၂၀, ၉း၁၅ နာရီ

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ရှမ်း

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

အိမ်ထောင်စုတစ်စု

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

အခြား

အဓိကပါဝင်ပတ်သက်သူ

ကျေးရွာအုပ်ချုပ်ရေးမှူး

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာမှ ဖြစ်လာလျှင် အကူအညီများ အဆင်သင့် ပြင်ဆင်ထားသင့်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း သေချာစွာရွေးချယ်သင့်ပါသည်။