သတ္တုတွင်းဟောင်းများမဖျက်သိမ်းသည့်အတွက် ကျွဲနွားများတွင်းထဲသို့ပြုတ်ကျ သေဆုံးမှုဖြစ်ပေါ်ပြီး ရေစီးကြောင်းများလည်း ပြောင်းလဲနေ၊ ရှမ်းဒွတ်ကျေးရွာ ၊ ပုလောမြို့နယ်၊ မြိတ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
၂၀၁၈ ခုနှစ်မှ စ၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှမ်းဒွတ်ကျေးရွာတွင် သတ္တုတွင်းဟောင်းများမဖျက်သိမ်းသည့်အတွက် ကျွဲနွားများတွင်းထဲသို့ပြုတ်ကျ သေဆုံးမှုဖြစ်ပေါ်ခြင်း၊ ရေစီးကြောင်းပြောင်းလဲသွားခြင်း၊ရေဝေရေလဲဧရိယာများပျက်စီးခြင်း ရေမသန့်သည့် အတွက် ငါးသေခြင်း၊ သစ်တောသစ်ပင်များပျက်စီးခြင်း၊ မြေဩဇာခြောက်ခမ်းခြင်းတို့ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါသည်။ အဆိုပါဒေသရှိ ဌာနေတိုင်းရင်းသားများသည် သတ္တုတူးဖော်ခြင်းလုပ်ငန်းကို အပြီးတိုင်ရပ်နားစေလိုကြတယ်လို့ ဆိုပါတယ်။ တရားမဝင်လုပ်ကိုင်ခြင်းများရှိသည်ကို ဒေသခံများကန့်ကွက်သော်လည်း ဆက်လက်လုပ်ကိုင်လျှက်ရှိနေကြောင်း ဒေသခံများမှ ပြောာပါသည်။
သတ္တုတွင်းကဏ္ဍ
- တနင်္သာရီတိုင်းဒေသကြီး
- ပုလောမြို့နယ်
- ရှမ်းဒွတ်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၈ ခုနှစ်မှစ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ဗမာ၊ ကရင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၇၀ဝ ခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း,သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
တရားမဝင်သတ္တုတူးဖော်နေသော လုပ်ငန်းရှင်များ