ခဲသတ္တုတူးဖော်ခြင်းကြောင့် မိချောင်းသိုက်ချောင်း ပျက်စီးနေခြင်း၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မိချောင်းသိုက် ကျေးရွာပတ်ဝန်းကျင်တွင် ၂၀၁၈ ခုနှစ်မှစတင်ပြီး စည်းကမ်းမဲ့ ခဲသတ္တုတူးဖော်ခြင်းကြောင့် မိချောင်းသိုက်ချောင်းပျက်စီးမှုဖြစ်ပေါ်နေပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မိချောင်းသိုက်ကျေးရွာပတ်ဝန်းကျင်တွင် ၂၀၁၈ ခုနှစ်မှစတင်ပြီး စည်းကမ်းမဲ့ ခဲသတ္တုတူးဖော်ခြင်းကြောင့် မိချောင်းသိုက်ချောင်းပျက်စီးမှုဖြစ်ပေါ်နေပါတယ်လို့ ဒေသခံများက ဆိုပါတယ်။ အဆိုပါဒေသရှိ ဌာနေတိုင်းရင်းသားများသည် သတ္တုတူးဖော်ခြင်းလုပ်ငန်းကို အပြီးတိုင်ရပ်နားစေလိုကြပြီး တရားမဝင်လုပ်ကိုင်မှုများကို ကန့်ကွက်သော်လည်း မရပ်နားဘဲ ဆက်လက်လုပ်ကိုင်လျှက်ရှိတယ်လို့ ဆိုပါတယ်။
သတ္တုတွင်းကဏ္ဍ
- တနင်္သာရီတိုင်းဒေသကြီး
- ပုလောမြို့နယ်
- မိချောင်းသိုက်ကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၈ ခုနှစ်မှစ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၁၀၀ဝ ခန့်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ကျဘန်းလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
တရားမဝင် သတ္တုတူးဖော်နေသော လုပ်ငန်းရှင်များ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
အဆိုပါဒေသများတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းကြောင့် ဒေသခံများကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အစိုးရမှ ပြည်သူနှင့် ဆွေးနွေးတိုင်ပင်ပြီး စနစ်ကျသော သတ္တုတူးဖော်ခြင်းများလုပ်ဆောင်ရန်ညွန်ကြားခြင်း၊ စစ်မှန်သော တရားမျှတသည့်အုပ်ချုပ်မှုစနစ်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် အစိုးရမှလုပ်ဆောင်ခြင်း၊ ပြည်သူများကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဆိုင်သော အသိပညာများ တိုးပွားစေရန် ဆောင်ရွက်ပေးခြင်းတို့ လုပ်သင့်ပါသည်။