သတ္ထုတူးဖော်မှုကြောင့် ချောင်းကော၊ ရေညစ်ကာ အဝါရောင်ပြောင်းနေခြင်း၊ နန်းသီလာကျေးရွာ၊ ပုလောမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
၂၀၁၈ ခုနှစ်မှ စ၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းသီလာကျေးရွာ၊ ပုလောက်ချောင်းနံဘေးတလျှောက်အတွင်း အသေးစားလုပ်ငန်းရှင်များမှ သတ္တုလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့်သော်လည်းကောင်း၊ တရားမဝင် သတ္တုတူးဖော်မှုကြောင့် သော်လည်းကောင်း ချောင်းပျက်စီးခြင်း ချောင်းတိမ်ကောလာခြင်း ရေထုညစ်ညမ်းလာခြင်းတို့ဖြစ်ပေါ်နေပြီး ချောင်းအတွင်းကျောက်ထုတ်လုပ်မှုကြောင့် ရေစီးကြောင်းပြောင်းလဲခြင်းများဖြစ်ပေါ်နေတယ်လို့ ဒေသခံများက ဆိုပါတယ်။
ထို့အပြင် ချောင်းအတွင်းရေများမှာလည်း နောက်ကျိကာ အဝါရောင်သို့ပြောင်းလဲပြီး သုံးစွဲ၍ မရဘဲဖြစ်ပေါ်နေပါတယ်။ အဆိုပါဒေသရှိ ဌာနေတိုင်းရင်းသားများသည် သတ္တုတူးဖော်ခြင်းလုပ်ငန်းကို အပြီးတိုင်ရပ်နားစေလိုကြပြီး တရားမဝင်ကျောက်ထုတ်လုပ်ခြင်းများကို ကန့်ကွက်သော်လည်း မရပ်နားဘဲ ဆက်လက်လုပ်ကိုင်လျှက်ရှိနေတယ်လို့ ဆိုပါတယ်။
သတ္တုတွင်းကဏ္ဍ
- တနင်္သာရီတိုင်းဒေသကြီး
- ပုလောမြို့နယ်
- နန်းသီလာကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
၂၀၁၈ ခုနှစ်မှစ
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ဗမာ
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
၅၀ဝ ကျော်
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား
အဓိကပါဝင်ပတ်သက်သူ
သတ္တုလုပ်ကိုင်သော အသေးစားလုပ်ငန်းရှင်များ