လယ်ယာမြေများအတွက် ပုံစံ (၇) မရရှိသဖြင့် နိုင်ငံတော် ထောက်ပံ့ကြေး ခံစားခွင့်မရှိဖြစ်နေ၊ ယင်းငူပင်ကျေးရွာ၊နောင်ချိုမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊

Confirmation Status : Reported
October 8, 2020

လယ်ယာမြေများအတွက် ပုံစံ (၇) မရရှိသဖြင့် နိုင်ငံတော် ထောက်ပံ့ကြေး ခံစားခွင့်မရှိဖြစ်နေ၊ ယင်းငူပင်ကျေးရွာ၊နောင်ချိုမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ယင်းငူပင်ကျေးရွာသားများပိုင် လယ်ယာမြေဧက (၂၀၀၀)အတွက် ပုံစံ (၇) မရရှိသဖြင့် နိုင်ငံတော် ထောက်ပံ့ကြေး ခံစားခွင့်မရှိဖြစ်နေပြီး သက်ဆိုင်ရာသို့တင်ပြထားသော်လည်း ယခုထိချမပေးသေးဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

နောင်ချိုမြို့နယ်၊ယင်းငူပင်ကျေးရွာမှတောင်သူများသည်ဘိုးစဉ်ဘောင်ဆက်ဓားမဦးချစိုက်ပျိုးလုပ်ကိုင်နေသောလယ်ယာဥယျာဉ်ခြံမြေ ဧက(၂၀၀၀)ကျော်သည် ယခုအချိန်ထိ ပုံစံ(၇)များမရသေးပေ။

ထိုသို့ပုံစံ(၇)များမရရှိသည့်အတွက်နိုင်ငံတော်မှကူညီထောက်ပံ့မှုမှန်သမျှ မည်သည့်ခံစားခွင့်မျှ မရကြပါ။ (၂၀၀၅)ခုနှစ်တွင် မြေစာရင်းဦးစီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့တင်ပြသော်လည်းယခုအချိန်ထိ ပုံစံ(၇)များမရခဲ့၍ ယင်းငူပင်ကျေးရွာမှ တောင်သူများသည်ပုံစံ(၇)များလုပ်ပေးစေလိုနေကြပါတယ်ဟု ယင်းငူူပင်ကျေးရွာနေ ဦးညိုဆောင်မှ ဆိုပါတယ်။

မြေယာကဏ္ဍ

  • ရှမ်းပြည်နယ်(မြောက်)
  • နောင်ချိုမြို့နယ်
  • ယင်းငူပင်ကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၂၀၀၅

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဓနု

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

ယင်းငူပင်ကျေးရွာမှတောင်သူများ

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကိုယ်ပိုင်စွန့်ဉီးတီထွင်လုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

မြေစာရင်းဦးစီးဌာနနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာမှ အမြန်ဆုံး ကွင်းဆင်းစစ်ဆေး ချထားပေးသင့်ပါသည်။