ပုံစံ (၇) မရရှိခြင်း၊ ရပိုင်ခွင့်များ ဆုံးရှုံးနေခြင်းနှင့် မြေသိမ်းခံရနိုင်မှု အန္ထရာယ်၊ အုမ္မခါးကျေးရွာ၊ နောင်ချိုမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)
(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
နောင်ချိုမြို့နယ်၊အုမ္မခါးကျေးရွာမှတောင်သူ များသည် မိရိုးဖလာ ဓားမဦးချစိုက်ပျိုးလုပ်ကိုင် လျှက်ရှိသော လယ်ယာမြေများမှာ ပုံစံ(၇)များမရှိကြသဖြင့် ရပိုင်ခွင့်များဆုံးရှုံးနေကာ မြေသိမ်းခံရမည်ကို လည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
သက်သေမှတ်တမ်းများ
ထိခိုက်ခံစားရသူပြောကြားချက်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မခါး ကျေးရွာမှတောင်သူများသည်မိရိုးဖလာဓားမဦးချစိုက်ပျိုးလုပ်ကိုင် လျှက်ရှိသော လယ်ယာမြေများမှာ ပုံစံ(၇)များ မရှိထားကြပေ။ထိုသို့ပုံစံ(၇)များ မရှိကြသောကြောင့် အမတော်ချေးငွေများ မရကြခြင်း၊စိုက်ပျိုးစရိတ်များအချိန်မီ မပေးနိုင်ခြင်းနှင့် မြေသိမ်းဆည်းမည်ကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ထိုသို့ပုံစံ(၇)လျှောက်ထားရန်အတွက်ပုံစံ(၁)များကိုလည်း သက်ဆိုင်ရာဌာနများမှထုတ်ပေးခြင်းများမရှိခဲ့ဘူးလို့လည်း အုမ္မခါးကျေးရွာနေ ဦးမြင့်အောင်ကဆိုပါတယ်။
မြေယာကဏ္ဍ
- ရှမ်းပြည်နယ်(မြောက်)
- နောင်ချိုမြို့နယ်
- အုမ္မခါးကျေးရွာ
ဖြစ်ပွားသည့်အချိန်
(mm/dd/yyyy)
–
ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား
အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား
ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး
ရှမ်း ၊ ဓနု ၊ ဗမာ ၊ ဂေါ်ရခါး ၊ ပလောင်
ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း
အုမ္မခါးကျေးရွာရှိတောင်သူအားလုံး
အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, အခြား
အဓိကပါဝင်ပတ်သက်သူ
သက်ဆိုင်ရာဌာနများ
အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ
သက်ဆိုင်ရာမှ ကွင်းနင်းစစ်ဆေးကာ လုပ်ဆောင်ပေးသင့်ပါသည်။