စီးပွားဖြစ်မီးသွေးဖုတ်ခြင်းကြောင့် ဒီရေတောများ ပြုန်းတီးကာ လူမူစီးပွားပြဿနာများဖြစ်ပေါ်လျက်ရှိ၊ ဘဒ္ဒနဲကျေးရွာ၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး

Confirmation Status :
June 16, 2021

စီးပွားဖြစ်မီးသွေးဖုတ်ခြင်းကြောင့် ဒီရေတောများ ပြုန်းတီးကာ လူမူစီးပွားပြဿနာများဖြစ်ပေါ်လျက်ရှိ၊ ဘဒ္ဒနဲကျေးရွာ၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်။)
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာတွင် ၂၀၀၁ ခုနှစ်မှစတင်၍ ဒေသခံလုပ်ငန်းရှင်များမှ ဒေသခံများကို ငွေအရင်းအနှီးများထုတ်ပေးကာ ဒီရေတော မီးသွေးဖုတ်ခြင်း လုပ်ငန်းကို လုပ်ကိုင်ရန်မက်လုံးပေး စည်းရုံးခဲ့ပါသည်။ ထို့ကြောင့် အောက္ကလန် သစ်တောကြိုးဝိုင်းအနီး၌ ဒီရေတောများခုတ်ယူကာ မီးသွေးဖုတ်ခြင်း လုပ်ငန်းကိုလုပ်ကိုင်လာခဲ့ကြသဖြင့် ယနေ့အချိန်အခါတွင် ပြုန်းတီးပြီး လူမူစီးပွားပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိတယ်လို့ ဆိုပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

အရလွယ်သည့် မီးသွေးထင်းခုတ်ယူမှု လွန်စွာမြင့်တက်လာသည့်အတွက် လက်ရှိတွင် ဒေသခံရေလုပ်သားများ သားငါးရရှိမှုနည်းပါးလာခြင်း၊ ဝင်ငွေအခွင့်အလမ်းနည်းပါးလာခြင်းတို့ ဖြစ်လာတယ်လို့ ဒေသခံများက ဆိုပါတယ်။ လူမှုစီးပွားပြဿနာများဖြစ်သည့် မူးယစ်ဆေးသားကောင်များလာခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများပြားလာခြင်း၊ သားသမီးများ၏ ပညာရေးကိုစဉ်းစားရန်မဖြစ်နိုင်တော့သဖြင့် စာမတက်သည့်ဦးရေများပြားလာခြင်းနှင့် အတူ ဗဟုသုတများလည်းလျော့နည်းလာကြတယ်လို့ ဆိုပါတယ်။

သစ်တောနှင့်တောရိုင်းတိရစ္ဆာန်ကဏ္ဍ
  • တနင်္သာရီတိုင်းဒေသကြီး
  • ကျွန်းစုမြို့နယ်
  • ဘန္ဒနဲကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

– ၂၀၀၁ခုနှစ်မှစ၍

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်း, အခြား

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဗမာ

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

-၂၀ဝ ကျော်

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ

-စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, သွင်းကုန်ထုတ်ကုန်, အခြား

အဓိကပါဝင်ပတ်သက်သူ

-ဒေသခံ လုပ်ငန်းရှင်များ

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

လက်ရှိတွင် ကျေးရွာအနီး အောက္ကလန်ကြိုးဝိုင်းအနီးရှိ ကျန်ရှိသော ဒီရေတောများကို အစုအဖွဲ့ပိုင်သစ်တောအဖြစ်တည်ထောင်ရန် သစ်တောဦးစီးဌာနသို့ တင်ပြထားပြီး ဖြစ်ပြီး သစ်တောတည်ထောင်ခွင့်လက်မှတ်အလျှင်အမြန်ရရှိရန်လိုအပ်သော ကျေးရွာတစ်ရွာပင်ဖြစ်ပါသည်။