တပ်သိမ်းမြေ ပြန် မစွန့်လွှတ်သေး၊ ယင်းငူပင်ကျေးရွာ၊ နောင်ချိုမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

Confirmation Status : Reported
October 8, 2020

တပ်သိမ်းမြေ ပြန် မစွန့်လွှတ်သေး၊ ယင်းငူပင်ကျေးရွာ၊ နောင်ချိုမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

(မြန်မာ့ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက် ၂၀၁၉ ပြည်သူ့အမြင်သဘောထားများအစီရင်ခံစာမှ ကောက်နှုတ်ဖော်ပြထားပါသည်)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ယင်းငူပင်ကျေးရွာသား (၂၈) ဦးပိုင် လယ်မြေဧက (၂၅၀) အား တပ်မှ (၁၉၉၃) ခုနှစ်ကတည်းက သိမ်းယူထားရာ ယခုထိ မစွန့်လွှတ်သေးကြောင်း ဒေသခံအဆိုအရ သိရပါတယ်။

သက်သေမှတ်တမ်းများ

ထိခိုက်ခံစားရသူပြောကြားချက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ယင်းငူပင် ကျေးရွာမှတောင်သူ(၂၈)ဦး ဓားမဦးချလုပ်ကိုင်ခဲ့သည့် လယ်ယာမြေ ဧက(၂၅၀)အား (၁၉၉၃)ခုနှစ်၌ စစ်တပ်မှသိမ်းဆည်းထားတယ်လို့ သိရပါတယ်။ ထိုသိမ်းဆည်းထားသည့် လယ်ယာမြေများနှင့် ပတ်သက်ပြီး ဆုံးရှုံးနစ်နာနေသော တောင်သူ(၂၈)ဦးမှ (၂၀၁၄) ခုနှစ်တွင် ပြန်လည်ရရှိရန်အတွက် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရထံ တင်ပြထားခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်ယခုအချိန်ထိပြန်လည်ရရှိခဲ့ခြင်းမရှိခဲ့သည့်အတွက် ဆုံးရှုံးနစ်နစ်သူ တောင်သူ(၂၈)ဦးမှ ပြန်လည် ရရှိရန် မျှော်လင့်နေကြောင်း ဦးညိုလေး ယင်းငူပင်ကျေးရွာ နောင်ချိုမြို့နယ်မှ ပြောပါသည်။

မြေယာကဏ္ဍ

  • ရှမ်းပြည်နယ်(မြောက်)
  • နောင်ချိုမြို့နယ်
  • ယင်းငူပင်ကျေးရွာ

ဖြစ်ပွားသည့်အချိန်

(mm/dd/yyyy)

၁၉၉၃

ထိခိုက်ခံစားရသည့် ပုဂ္ဂိုလ်အမျိုးအစား

အမျိုးသမီး, သက်ကြီးရွယ်အို, ကလေးသူငယ်, မသန်စွမ်, အခြားး

ထိခိုက်ခံစားရသည့် တိုင်းရင်းသားလူမျိုး

ဓနု

ထိခိုက်ခံစားရသူ ဦးရေစုစုပေါင်း

၂၈

အဓိကထိခိုက်ခံစားရသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း, ကိုယ်ပိုင်စွန့်ဉီးတီထွင်လုပ်ငန်း, သွင်းကုန်ထုတ်ကုန်, ရွေ့ပြောင်းလုပ်သား, ကျဘန်းလုပ်ငန်း, အခြား

အဓိကပါဝင်ပတ်သက်သူ

တပ်မတော်

အကြံပြုလိုသည့်ဖြေရှင်းနိုင်မည့် နည်းလမ်းများ

သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လွှတ်တော်အမတ်များမှ ကွင်းဆင်းကာ သေချာစစ်ဆေးသင့်ပါသည်။